ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ရန် ပထမဆုံး မှတ်ပုံတင် လက်မှတ် ထုတ်ပေးသည့် အဖွဲ့အစည်း အဖြစ် Digital Money Myanmar Ltd (Wave Money)အား မှတ်ပုံတင် လက်မှတ် ထုတ်ပေးလိုက်ကြောင်း...
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ အနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်၌ ဝင်ရောက် ဈေးကစားခြင်းများ မပြုလုပ် ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခေါ်ယူ သတိပေးထားကြောင်း သတင်းရရှိသည်။
စင်ကာပူ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဗြိတိန် နိုင်ငံများမှ ကာကွယ်ရေး အကြီးအကဲများသည် အောက်တိုဘာလ ၄ ရက်မှ ၆ ရက်အထိ စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ကာကွယ်ရေး အစီအစဉ် အဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံ (FPDA)...
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် (၇၃)လမ်း (၇၄)လမ်း ကြား၊ (၃၄)လမ်းရှိ ရွှေအိုး(၂)ဒိန်ချဉ်နှင့် မုန့်တီဆိုင်မှ အဲယားကွန်းအပူလွန်ကဲရာမှ အောက်တိုဘာ ၅ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ ကျပ် ၁၅သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးထံမှ သိရသည်။
ဘဂ္ဂဒက်၊ အောက်တိုဘာ ၅ရက် (ဆင်ဟွာ) အီရတ်နိုင်ငံသည် မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စု ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အတွက် လာမည့် အဓိက တိုက်စစ်ဆင်မှု အတွင်း မိုဆူးလ်မြို့သူမြို့သားများအား အကူအညီပေး၇န် ရေဒီယို အသံလွှင့်ရုံတစ်ခု အား အောက်တိုဘာ ၄ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက...
ကွီတို ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးထောက်ခံကြောင်း နှင့် ကိုလံဘီယာပြည်သူများ၏ ရွေးချယ်မှုကို လေးစားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာလ ၄ ရက်တွင်ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) (၁၆) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်) အား ဒီဇင်ဘာလ ၁၄ ရက်မှ၁၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် ကျင်းပမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
ကွီတို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး Guillaume Long တို့သည် ကွီတိုမြို့တော်၌ အောက်တိုဘာလ ၄ ရက်က တွေ့ဆုံပြီး မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကျောက်မျက် ရတနာ ထွက်ကုန်များ ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင် နိုင်စွမ်းရှိဟု အမေရိကန် ကျောက်မျက် ကုန်သည်များ က မှတ်ချက်ပြုကြပြီး စိတ်ဝင်စားလျက် ရှိကြောင်း မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း အထိ ရှိပြီး မြင့်မားသည်ဟု ဆိုနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ...