Connect with us

Latin America

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံ မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး Guillaume Long (ယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး Guillaume Long တို့သည် ကွီတိုမြို့တော်၌ အောက်တိုဘာလ ၄ ရက်က တွေ့ဆုံပြီး မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်နိုင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ်နှင့် အီကွေဒေါနိုင်ငံတို့သည် သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံများ မျှဝေခဲ့ကြပြီး လက်ရှိတွင် ဘုံ ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ရင်ဆိုင်နေရကြောင်း၊ တရုတ်နှင့် အီကွေဒေါနိုင်ငံတို့သည် အပြန်အလှန် ယုံကြည် ထောက်ပံ့မှု၊ ဖွံ့ဖြိုးမှု စင်မြင့်သစ်သို့ ဝင်ရောက်ရန်နှင့် နယ်ပယ်အားလုံး၌ အကျိုးအမြတ် ပြည့်ဝသော ရလဒ်များ ရယူနိုင်မည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီး Guillaume Long ကလည်း အီကွေဒေါနိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှု ကဏ္ဍများ၌ တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီမှုများနှင့် ထောက်ပံ့မှုများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် စီးပွားရေး ပြောင်းလဲမှု စသည့်ကဏ္ဍများ၌ တရုတ်နိုင်ငံနှင့်အတူ နက်ရှိုင်းစွား ပူးပေါင်း လုပ်ဆောင်လိုပါကြောင်း Long က ပြောကြားခဲ့သည်။

ထို့ပြင် အဆင့်မြင့် ဖလှယ်ခြင်းများ၊ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းနှင့် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဘောတူခဲ့သည်။

စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် အခြေခံ အဆောက်အအုံ စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အဆင့်မြှင့်တင်ရန် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.