Connect with us

Asia

ကာကွယ်ရေး အစီအစဉ် အဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံမှ ကာကွယ်ရေး အကြီးအကဲများ စင်ကာပူတွင် တွေ့ဆုံ

ကာကွယ်ရေး အစီအစဉ် အဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံမှ အကြီးအကဲများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဗြိတိန် နိုင်ငံများမှ ကာကွယ်ရေး အကြီးအကဲများသည် အောက်တိုဘာလ ၄ ရက်မှ ၆ ရက်အထိ စင်ကာပူနိုင်ငံ၌ တွေ့ဆုံကာ ကာကွယ်ရေး အစီအစဉ် အဖွဲ့ဝင် အင်အားကြီး ငါးနိုင်ငံ (FPDA) စီမံချက်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ဆွေးနွေးလျက်ရှိကြကြောင်း သိရသည်။

အဆိုပါ နှစ်ပတ်လည် ညီလာခံသည် ၁၉၇၁ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ငါးနိုင်ငံအကြား အမြင်ချင်း ဖလှယ်ခြင်းနှင့် ဆွေးနွေးခြင်းအတွက် ပေါင်းကူး တစ်ခု အဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်။

ကာကွယ်ရေး အကြီးအကဲများသည် FPDA ကတိကဝတ်အား ထပ်လောင်း ပြောကြားခဲ့ခြင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေး တိုးမြှင့်ခြင်းတွင် FPDA ၏ အရေးပါသော အခန်းကဏ္ဍအား အလေးထား ဆွေးနွေးခဲ့ကြကြောင်း စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် အနာဂတ်တွင် လုပ်ဆောင်မည့် လေ့ကျင့်ရေးနှင့် လှုပ်ရှားမှုများ ခိုင်မာစွာ လုပ်ဆောင်နိုင်ရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးရေး လမ်းညွှန်ချက် ဖြစ်သည့် FPDA လေ့ကျင့်ရေး အယူအဆ ညွှန်ကြားချက်များအား ဆွေးနွေး ထုတ်ပြန်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.