Connect with us

Local

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြ

ကမ္ဘာ့ ဘဏ်မှ အစီရင်ခံစာသစ်အား မိတ်ဆက် ရှင်းလင်းနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း အထိ ရှိပြီး မြင့်မားသည်ဟု ဆိုနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အမည်ရှိ အစီရင်ခံစာအသစ်တွင် ဖော်ပြထားကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသည်ဟု ဆိုနိုင်သော်လည်း (၂၀၁၆ ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း) စီးပွားရေး တိုးတက်မှု နှုန်းသည် ဆက်လက် အားကောင်းနေပြီး ငွေကြေးဖောင်းပွမှုနှုန်းကို ၈.၅ ရာခိုင်နှုန်း (တစ်နှစ်အတွင်း ယေဘုယျနှုန်း)တွင် ထိန်းထားနိုင်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၇.၈ ရာခိုင်နှုန်းတွင် မြင့်မား နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“ငွေကြေး ဖောင်းပွမှုနှုန်းက ယေဘူယျ အားဖြင့် ဆိုရင် ရင်းနှီးမြုပ်နှံသူတွေ အတွက် ဆိုးရွားတဲ့ အရိပ် အယောင် တစ်ခု ဖြစ်ပါတယ်။မြန်မာနိုင်ငံ အနေနဲ့ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် မူဝါဒတွေ ချမှတ် ဆောင်ရွက်နိုင်ဖို့လိုတယ်။”ဟု ကမ္ဘာ့ဘဏ်၏ စီးပွားရေး ပညာရှင် အကြီးအကဲ ဆူဒီးရ် ရှက်တီ က ပြောသည်။

မြန်မာနိုင်ငံသည် ကာလတိုအတွင်း မေခရို စီးပွားရေး ခိုင်မာမှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ထိုဖိအားများကို ကောင်းစွာ စီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သတိရှိရှိဖြင့် ဆက်လက် ဆောင်ရွက်ခြင်း ၊ ငွေကြေးလုပ်ငန်းဆောင်ရွက်မှုများ ခေတ်မီကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ် ပြင်လွယ်ရှိခြင်း နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှု အားကောင်းစေရန် စွမ်းဆောင်ရည် မြှင့်တင် ဆောင်ရွက်ခြင်းတို့က အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၈ ခုနှစ်အတွင်း ကြံ့ကြံ့ခံနိုင်မည့် အခြေအနေမျိုးတွင် ဆက်လက် ရှိနေမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ဒေသတွင်းရှိ နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ၄.၈ ရာခိုင်နှုန်းတွင် ဆက်လက် တည်ငြိမ် နေမည် ဖြစ်ပြီး ၂၀၁၇ တွင် ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၅.၁ ရာခိုင်နှုန်းသို့ အသီးသီး မြင့်တက်လာမည့်ဘက်သို့ ဦးတည်နေကြောင်း ဒေသတစ်ခုလုံး အနေဖြင့် ကြည့်လျှင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၅.၈ ရာခိုင်နှုန်း နှင့် ၂၀၁၇-၁၈ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး မြင့်တက်နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အရှေ့အာရှ နှင့် ပစိဖိတ် ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်းကို နှောင့်ယှက်မည့် အန္တရာယ် အလားအလာများလည်း သိသိသာသာ ရှိနေဆဲ ဖြစ်ပြီး ဒေသတွင်းရှိ နိုင်ငံများအနေဖြင့် ဘဏ္ဍာရေးနှင့် ငွေကြေးပိုင်း အားနည်းချက်များကို လျှော့ချနိုင်မည့် အစီအမံများ လုပ်ဆောင်သင့်ကြောင်း ၊ အခြေခံ အဆောက်အအုံ လိုအပ်ချက် မြင့်မားနေမှု၊ အဟာရချို့တဲ့မှုနှင့် အလုံးစုံ ပါဝင်နိုင်သည့် ငွေရေးကြေးရေး စနစ် ဖော်ဆောင်နိုင်ရေး စသည့် ကဏ္ဍများတွင် ရင်ဆိုင်နေရသည့် အခက်အခဲ အတားအဆီးများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားရမည်ဟု အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ယခု အစီရင်ခံစာသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေးတိုးတက်နှုန်း တုံ့ဆိုင်းနေခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြား၏ စီးပွားရေး တိုးတက်မှုနှုန်း ငြိမ်သက်နေခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှု မရှိခြင်း စသည့် စိန်ခေါ်မှုများရှိနေသည့် ကမ္ဘာ့ စီးပွားရေး နောက်ခံ အနေအထားတွင် အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၏ စီးပွားရေးအလားအလာကို ဘက်စုံ ထောင့်စုံမှ လွှမ်းခြုံ လေ့လာထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.