Connect with us

Africa & Middle East

မိုဆူးလ်တိုက်ပွဲမတိုင်မီ မိုဆူးလ်နေပြည်သူများအတွက် အီရတ်က ရေဒီယို အသံလွှင့်ရုံတည်ဆောက်

အီရတ်နိုင်ငံ ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ အောက်တိုဘာ ၅ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံသည် မိုဆူးလ်မြို့အား IS စစ်သွေးကြွအုပ်စု ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အတွက် လာမည့် အဓိက တိုက်စစ်ဆင်မှု အတွင်း မိုဆူးလ်မြို့သူမြို့သားများအား အကူအညီပေး၇န် ရေဒီယို အသံလွှင့်ရုံတစ်ခု အား အောက်တိုဘာ ၄ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

အဆိုပါ ရေဒီယိုအသံလွှင့်ရုံအား မိုဆူးလ်မြို့ တောင်ဘက် ၅၅ကီလိုမီတာ အကွာ Qayyara မြို့တွင် တည်ဆောက်ထားပြီး မိုဆူးလ်မြို့အတွင်းနေထိုင်သူများအား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ က ဆုံးဖြတ်ပေးမည့် ဘေးကင်းလုံခြုံမှုဇုန်များ နှင့် ဘေးကင်းလုံခြုံသည့်လမ်းကြောင်းများအား လမ်းညွှန်ပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

အီရတ်နိုင်ငံပိုင် ရေဒီယိုအသံလွှင့်ရုံသည် မိုဆူးလ်မြို့ မြို့သားများ အကူအညီလိုအပ်ပါက အရေးပေါ်ဖုန်းနံပါတ်များကိုလည်း ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Haider al-Abadi က ရေဒီယိုအသံလွှင့်ရုံအသစ်အား ဖွင့်လှစ်ပေးခဲ့ပြီး မိုဆူးလ်မြို့သားများအား “ကတိပေးထားတဲ့ လွတ်မြောက်ရေးဟာ နီးကပ်လာပြီးဖြစ်တဲ့အတွက် အသင့်ပြင်ထားကြပါ။ IS စစ်သွေးကြွတွေရဲ့ ဖိနှိပ်မှု၊ တရားမမျှတမှု တို့မှ လွတ်မြောက်ရန် ပိုမိုနီးကပ်လာပါပြီ” ဟုပြောကြားခဲ့သည်။

Abadi က မိုဆူးလ်မြို့သားများအား ISတို့၏လက်မှ လွတ်မြောက်ခဲ့ကြသည့် အခြားသောမြို့များမှ မြို့သားများ ပြုလုပ်ခဲ့သည့်အတိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရန် ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မိုဆူးလ်မြို့သည် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်မြို့ မြောက်ဘက် ၄၀၀ကီလိုမီတာအကွာတွင်တည်ရှိပြီး အီရတ်နိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်သည်။ အဆိုပါမြို့သည် ၂၀၁၄ခုနှစ်မှစ၍ IS တို့၏ လက်အောက်သို့ကျရောက်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.