Connect with us

Culture

တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ ကို ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ကျင်းပ

တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ စုပေါင်း ဓာတ်ပုံ မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ ကို သြဂုတ်လ ၉ရက်နေ့တွင် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ကျင်းပ ခဲ့သည်။ ယခု ပွဲအား ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တရုတ်ဘာသာ ဌာန နှင့် မြန်မာ နိုင်ငံရောက် တရုတ် ကျောင်းသားများသုတေသီများ အသင်းတို့ ပူးပေါင်း ဦးစီး ဆောင်ရွက်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ ကူညီ ထောက်ပံ့ကာ Eastern language and business center(ELBC) နှင့် Fuxingကွန်ဖြူးရှပ်စာသင်ကျောင်းတို့မှ ပူးတွဲ ဆောင်ရွက် ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထိန် (Mr.Tian Shanting) နှင့် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ရည်ရည်မော် တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ကြသည်။ထို့ပြင် အခြား ဖိတ်ကြား ထားသည့် ဧည့်သည်တော် များနှင့် ဆရာ/ဆရာမ များလည်း အခမ်းအနား သို့ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထိန် (Mr.Tian Shanting) က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ရည်ရည်မော် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

အခမ်းအနား ပထမ ပိုင်း တွင် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ် တရုတ် ဘာသာ ဌာန မှ ကျောင်းသား/သူ များ ၊ မြန်မာ နိုင်ငံ ရောက် တရုတ် နိုင်ငံ ကျောင်းသား/သူ များ ၊ ELBC နှင့် Fuxingကွန်ဖြူးရှပ်စာသင်ကျောင်း ကျောင်းသူ တို့က တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာ ဝတ်စုံ များ ဝတ်ဆင် ပြသခြင်း နှင့် အဆိုအက ဖျော်ဖြေမှု များ ကို ပြသ ခဲ့သည်။
အခမ်းအနား ဒုတိယ ပိုင်းတွင် တရုတ် နိုင်ငံ ယဉ်ကျေးမှု များဖြစ်သည့် တရုတ်လက်ရေးလှရေးခြင်း ၊ တရုတ် အလှ ကြိုးထုံး (China Knott) ပြုလုပ်ခြင်း ၊ တရုတ် စစ်တုရင် ကစားခြင်း ၊ တရုတ် ရိုးရာ စက္ကူညှပ်ခြင်း ၊ တရုတ် နိုင်ငံ အစားအစာ စားသုံးခြင်း နှင့် တရုတ် ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ကစားနည်းများ ကစားခြင်း တို့ကို ကျောင်းသား/သူ များနှင့် လူငယ်များမှ စည်ကား ပျော်ရွှင်စွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.