Connect with us

Culture

တရုတ် ရိုးရာခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ရန်ကုန်မြို့စဉ့်အိုးတန်း(အထက်လမ်း)၌ ကျင်းပ

တရုတ် ရိုးရာ ခြသေ့င်္ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက်တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲအား ရန်ကုန်မြို့ လသာမြို့နယ်ရှိစဉ့်အိုးတန်း (အထက်လမ်း)၌ ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူစတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုနှစ်တွင်ကျင်းပသော တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲတွင် ခြင်္သေ့ ပြိုင်ပွဲဝင် အသင်း ၁၆သင်း နှင့် နဂါးရှည် ပြိုင်ပွဲဝင် အသင်း ၁၁ သင်းပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။
၁၄ ကြိမ်မြောက် အဖြစ် တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဥက္ကဋ္ဌ ဦးကျော်ကျော် က ပြိုင်ပွဲ ကျင်းပရခြင်းသည် နှစ်ကူးအချိန်အခါတွင် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက မပပျောက်စေရေး နှင့် အချင်းချင်း စည်းလုံး ညီညွှတ်မှု ၊ ရိုင်းပင်း ကူညီမှုများ ရရှိစေပြီး မိဘပြည်သူများ ပျော်ရွှင် လန်းဆန်းစွာ နှစ်သစ်တွင် အပန်းပြေ ကြည့်ရှုနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ခြင်္သေ့ နှင့် နဂါး အက စွမ်းရည်ကို နိုင်ငံတကာ နှင့် အစဉ်အမြဲ ယှဉ်ပြိုင်သွားရန် မြန်မာနိုင်ငံ ခြင်္သေ့ ၊ နဂါး အဖွဲ့ချုပ် အနေဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

၁၄ ကြိမ်မြောက် တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲတွင် ဥက္ကဋ္ဌ က မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ခြင်္သေ့ ၊ နဂါး အကသည် တရုတ်လူမျိုးတို့၏ စိတ်ပိုင်းဆိုင်ရာ အားထားမှု တစ်ခု ဖြစ်ပြီး ဘေးအန္တရာယ်များကိုလည်း ကာကွယ် စောင့်ရှောက်သည့် ယုံကြည်ချက် တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံတွင် တရုတ် နှစ်သစ်ကူး ပွဲတော် ကျင်းပလာသည်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမို လေးနက်လာပြီး ပါဝင် ဆင်နွှဲသူများလည်း တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာကြောင်း ၊ တရုတ်လူမျိုးများသာမက တစ်ခြား တိုင်းရင်းသားများလည်း ပါဝင် ဆင်နွှဲကြကြောင်း ၊ စည်းလုံး ညီညွှတ်ခြင်းကိုလည်း တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ပြိုင်ပွဲအားဖွင့်ပွဲ အခမ်းအနား နှင့် အတူ ပွဲစဉ် ပထမနေ့ အဖြစ် H.B.S(B) အသင်း ၊ KHUAN LOKEMYANMAR အသင်း တို့ယှဉ်ပြိုင်ခဲ့ကြသည်။ပွဲစဉ် ဒုတိယနေ့ဖေဖော်ဝါရီ ၇ ရက်တွင် E.S.L အသင်း ၊ HONG TECK အသင်း ၊ H.B.S(A) အသင်း ၊ DIAMONDLION အသင်း ၊ BAI HU(B) အသင်း ၊ မိုးနဂါး အသင်း တို့ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းသိရသည်။ပွဲစဉ် တတိယနေ့ဖေဖော်ဝါရီ ၈ ရက်တွင် FU LONG အသင်း ၊ BAI HU(A) အသင်း ၊ L.D.C.R အသင်း ၊ ကောင်းကင်ခြသေ့ၤမင်း အသင်း နှင့် L.A.G Youth Lion Dance Association Myeik အသင်း တို့ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခြင်္သေ့ အက စွမ်းရည် ပြသမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခြင်္သေ့ အက စွမ်းရည် ပြသမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခြင်္သေ့ အက စွမ်းရည် ပြသမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခြင်္သေ့ အက စွမ်းရည် ပြသမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ ခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ခြင်္သေ့ အက စွမ်းရည် ပြသမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာခြသေ့ၤ ၊ နဂါး စွမ်းရည် ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားအား ဖေဖော်ဝါရီ၉ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး အုပ်စု ပတ်လည် အမှတ် အများဆုံး ရရှိသည့် အသင်း ၆သင်း နှင့်အတူ ယမန်နှစ်တွင် ချန်ပီယံဆု ရရှိထားသော Black Pearl အသင်း တို့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့အတူ နဂါးရှည် ပြိုင်ပွဲဝင် အသင်း ယှဉ်ပြိုင်မှုများအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။တရုတ် ရိုးရာခြသေ့ၤ အကအလှ သရုပ်ပြ စွမ်းရည် ပြပွဲ ၊ ဖွင့်ပွဲ ၊ ပြိုင်ပွဲများအား မြန်မာနိုင်ငံ ခြသေ့ၤ နဂါး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.