Connect with us

Culture

ရန်ကုန်မြို ့၌ Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား လာရောက် ရိုက်ကူးမည်

Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ဟောင်ကောင်ရှိ Shaw Brothers Pictures International Ltd နှင့် J.Q. Pictures တို့မှ Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကားအား မြန်မာနိုင်ငံ ရန်ကုန်မြို ့၌ လာရောက် ရိုက်ကူးသွားမည် ဖြစ်ကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲအား ယနေ့နေ့လည်ပိုင်း တွင် ရန်ကုန်မြို ့ရှိ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး စင်တာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က မြန်မာ့ ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်စေရန် ကဏ္ဍစုံမှ ဆောင်ရွက် ပေးလျက် ရှိရာတွင် ယခုကဲ့သို့ပြည်ပမှ ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ခွင့်ပြုခြင်း သည်လည်း တစ်ခု ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

ပြည်ပမှ ယခုကဲ့သို့ရုပ်ရှင် လာရောက် ရိုက်ကူးမှု အပါအဝင် နာမည်ကျော် ရုပ်ရှင် ဇာတ်လမ်း နိုင်ငံတကာတွင် ပြသမှု များမှ တဆင့် မြန်မာနိုင်ငံ အကြောင်း ကမ္ဘာက ပိုမို သိရှိလာပြီး မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် နှင့် ထိုမှတဆင့် နိုင်ငံ အတွက် ဝင်ငွေ ရရှိစေရန် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ရုပ်ရှင် ဇာတ်ကား နှင့် ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံတကာ မြို့ပြများတွင် Action ဇာတ်လမ်း ရိုက်ကူးခြင်းများ ပြုလုပ်နိုင်သကဲ့သို့မြန်မာနိုင်ငံ ၊ ရန်ကုန်မြို ့လယ်တွင် ရိုက်ကူးနိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား နှင့် ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က “Line Walker ဆိုတဲ့ Series ထဲက Operation Midnight Shadow ဆိုတဲ့ အပိုင်းကို ရိုက်မှာ ဖြစ်ပါတယ်။ဇာတ်ကား တစ်ခုလုံး ဒီမှာ ရိုက်တာ မဟုတ်ပါဘူး။ဒီမှာ လာရိုက်တာက မြန်မာပြည်မှာ ဖြစ်နေတဲ့ အခန်း တစ်ချို့နဲ့ဖိလစ်ပိုင် နိုင်ငံမှာ ရိုက်ရမယ့် အခန်း တစ်ချို့ရယ် လာပြီး ရိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ ့မူရင်း ရိုက်ကွင်းရိုက်ကွက် သာမကဘဲ ဖိလစ်ပိုင် နိုင်ငံရဲ ့ရိုက်ကွင်းရိုက်ကွက် ပုံစံမျိုးပါ ပြုလုပ်ပြီးတော့ ရိုက်နိုင်တာ ဖြစ်တဲ့ အတွက် အာဆီယံ နိုင်ငံများထဲက တစ်ချို့ရိုက်ကူးလိုတဲ့သူတွေလဲ လာရောက် ရိုက်ကူးနိုင်တယ် ဆိုတဲ့ သတင်းအချက်အလက်တွေ ရသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရုပ်ရှင် ဇာတ်ကား နှင့် ပတ်သက်၍ Stunt Director Mr.Chin Ka Lok က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား နှင့် ပတ်သက်၍ Stunt Director Mr.Chin Ka Lok က ၎င်းအနေဖြင့် နိုင်ငံတကာသို့သွားရောက် ရုပ်ရှင် ရိုက်ကူးခြင်းများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၌ ရုပ်ရှင် မရိုက်ဘူးသေးသည့် အတွက် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကိုလည်း သိစေချင်ကြောင်း ၊ မြန်မာနိုင်ငံက လူများ အနေဖြင့်လည်း ၎င်းတို့၏ ရုပ်ရှင်ကားများအား ကြည့်ပေးစေလိုကြောင်း ၊ ယခုအခါတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်နေသည့် အတွက် ၎င်းတို့အနေဖြင့် နိုင်ငံခြားမှ လာရောက် ရိုက်ကူး ရခြင်း ဖြစ်ပြီး နောင်တွင် မြန်မာနိုင်ငံမှ လူများလည်း ၎င်းတို့နှင့် အတူရိုက်နိုင်မည်ဟု မျှော်လင့်ချက် များစွာ ထားရှိကြောင်း ပြောကြားခဲ့သည်။

Line Walker (Operation Midnight Shadow) ရုပ်ရှင် ဇာတ်ကား အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က “Action ဇာတ်လမ်း ရိုက်ကူးတဲ့ အခါမှာ Action ဇာတ်လမ်းတွေရဲ ့သဘောသဘာ၀ အတိုင်း ပစ်ခတ်မှုတွေ ရှိမယ်။ ယာဉ်တွေ အပြိုင် မောင်းနှင်မှုတွေ ရှိမယ်။ရဟတ်ယာဉ် အသုံးပြုမှုတွေ ရှိမယ်။ဒီနေရာမှာ ပြည်သူ လူထုကို မေတ္တာ ရပ်ခံချင်တာကတော့ ဒီလို ဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့ အခါမှာ ဘေးကင်းမှု လုံခြုံ ကာကွယ်ရေး အတွက် အသေးစိတ် အလေးထား ဆောင်ရွက်နေပါတယ်။သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။အားပေး ကြည့်ရှုတဲ့ အခါမှာလဲ သတ်မှတ်တဲ့ နေရာတွေကနေ အားပေး ကြည့်ရှုပြီးတော့မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးဖို့မေတ္တာ ရပ်ခံလိုပါတယ်။”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ခွင့်ပြုလိုခြင်းသည် ပြည်ပမှ ရုပ်ရှင် ဇာတ်ကားများ လာရောက် ရိုက်ကူးသည့် စနစ် တစ်ခု အကောင်အထည်ဖော်နိုင်ရန် ၊ နိုင်ငံတော် အစိုးရ အနေဖြင့် ရုပ်ရှင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားပေး ကူညီနေမှုကို ပြသနိုင်ရန် ၊ မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာ နှင့် အနုပညာ ဆိုင်ရာ အထောက်အကူများ ရရှိနိုင်ရန် ၊ မြန်မာ နိုင်ငံ အကြောင်း ကမ္ဘာက ပိုမို သိရှိလာစေရန် နှင့် မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြှင့်တင်ပေးနိုင်ရန် ၊ မြန်မာနိုင်ငံတွင် ပြည်ပမှ ရုပ်ရှင် လာရောက် ရိုက်ကူးခြင်းများမှ နိုင်ငံတော် ဘဏ္ဍာငွေ ရရှိနိုင်ရန်တို့ကို ရည်ရွယ်ကြောင်း သိရသည်။(Xinhua)