Connect with us

Economy

မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် CNTAC က လာရောက် ပူးပေါင်း ဆောင်ရွက်


ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နှင့် တာဝန်ယူမှု ရှိသည့် ရင်းနှီးမြှုပ်နှံမှု များ ဖြစ်စေရန် အတွက် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း အသင်း အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အောက်တိုဘာ ၁၇ ရက် ၌ ရန်ကုန် မြို့ သို့ ရောက်ရှိခဲ့သည်။

CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံ ဌာနမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ က အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း အချိန်တွင် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) ရုံး သို့ သွားရောက် ခဲ့ပြီး CECCM နှင့် တရုတ် နိုင်ငံ အထည်လိပ် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်စင်တာ(China Textile Information Center, CTIC) အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။

တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ်(CNTAC) နှင့် CECCM ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

CNTAC နှင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

CNTAC နှင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် ၊ CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) ၊ CECCM ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) ၊ CECCM အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း အသင်းခွဲ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှီဝေလျန် (Mr.Xu Weiliang) နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် မှ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံဌာနမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) မှ ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

အခမ်းအနား တွင် CECCM ဥက္ကဋ္ဌ လျိုယင် က အသင်း ထူထောင်ရခြင်း နှင့် အသင်း အခြေအနေ နှင့် ပတ်သက်၍ မိတ်ဆက်တင်ပြ ပေးခဲ့ပြီး CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံ ဌာနမှူး မစ္စ ယျန်ယျန် က မြန်မာ နိုင်ငံ သို့ ပူးပေါင်းဆောင်ရွက်မှု လာရောက် ပြုလုပ်ရသည့် ရည်ရွယ်ချက် နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က CNTAC နှင့် CECCM တို့ မှ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း သည် CNTAC ၏ ပြည်ပ တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင် များ အဖွဲ့အစည်း နှင့် ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း ၊ ယခု ဆောင်ရွက်မှု က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန် အတွက် မျာစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ တရုတ် နိုင်ငံ မှ ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ် စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄ သိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ CNTAC မှ မြန်မာ နိုင်ငံ သို့ လာရောက် ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း က မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သောကြောင့် ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။

CECCM ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

CECCM ဒုတိယ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း (Mr.Luo Jun) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် CECCM တွင် အဖွဲ့ဝင် အများစု မှာ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်ကြသည့် လုပ်ငန်းရှင်များ ဖြစ်ကြောင်း ၊ အထည်ချုပ် လုပ်ငန်း နှင့် ပတ်သက်၍ ဘက်စုံ သင်တန်းပို့ချမှု မှာ လွန်စွာ လိုအပ် သဖြင့် CNTAC နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ သင်တန်းပို့ချမှု မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း များ ၏ စီမံခန့်ခွဲမှုပိုင်း ကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံ ဌာနမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

CNTAC နှင့် Deutsche Gesellschaft für Internationale Zusammenarbeit(GIZ) တို့ ပူးပေါင်းဆောင်ရွက်သည့် ဆွေးနွေးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

CNTAC လူမှုရေးတာဝန်ယူမှု ဆိုင်ရာ အလုပ်ရုံ ဌာနမှူး မစ္စ ယျန်ယျန် (Ms.Yan Yan) က CNTAC အနေဖြင့် ၂၀၀၅ ခုနှစ် မှ စတင်၍ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ဆိုင်ရာ လူမှုရေးတာဝန်ယူမှု စီမံခန့်ခွဲမှု စနစ် အား စည်းစနစ်ကျနစွာ ပြုစု ခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ များစွာ စုဆောင်းနိုင်ခဲ့ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ် နိုင်ငံ ၏ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု မှာ ပိုမို များပြား လာခဲ့ပြီး မြန်မာ နိုင်ငံ သည်လည်း အထည်ချုပ် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လွန်စွာ သင့်တော်သော နိုင်ငံ ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ က တာဝန်ယူမှု ရှိသော နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန် အတွက် CECCM နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ အခြား တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ များကိုလည်း လူမှုရေးတာဝန်ယူမှု လုပ်ငန်း နှင့် ပတ်သက်၍ အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ အထည်အလိပ် လုပ်ငန်း အသင်းချုပ် (CNTAC) နှင့် Deutsche Gesellschaft für Internationale Zusammenarbeit(GIZ) တို့ ပူးပေါင်း၍ အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်း အချိန် တွင် ရန်ကုန်မြို့ ရှိ Best Western Green Hill Hotel တွင် “တရုတ်နိုင်ငံ အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းများ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် တာဝန်ယူမှုတာဝန်ခံမှု ဆိုင်ရာ လမ်းညွှန်” အကြံပြုဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါ အကြံပြုဆွေးနွေးပွဲကို အထည်ချုပ် လုပ်ငန်း နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး လက်ရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံများ ရင်ဆိုင်ရသော တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုများ ၊ အလုပ်ရှင်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ရမည့်နည်းလမ်းများ ၊ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ တာဝန်ယူမှု တာဝန်ခံမှုများဆောင်ရွက်ရာတွင် တန်ဖိုးရှိအကျုံးဝင်မည့်အချက်အလက်များ ကို အဓိကထား၍ တက်တက်ကြွကြွပါဝင်ဆွေးနွေးအကြုံပြုခဲ့ကြသည်။

ဆွေးနွေး ဖလှယ်ပွဲ အပြီး တွင် CNTAC နှင့် မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) တို့ မှ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ပွဲ အခမ်းအနား အား ကျင်းပ ပြုလုပ် ခဲ့ပြီး MGMA ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် တို့ မှ တက်ရောက် ခဲ့ကြသည်။

MGMA အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က မြန်မာ နိုင်ငံ အထည်ချုပ် လုပ်ငန်း ကဏ္ဍ တွင် တရုတ် နိုင်ငံ က အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ဖန်တီးပေးထားသောကြောင့် ကျေးဇူးတင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း များ လူမှုရေးတာဝန်ယူမှုရှိသည့် လုပ်ငန်းများ ဖြစ်တည်ရန် အတွက် CNTAC နှင့် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ၊ CNTAC နှင့် ပူးပေါင်း၍ မြန်မာ နိုင်ငံ အတွင်းရှိ အထည်ချုပ်လုပ်ငန်းများ လူမှုရေးတာဝန်ယူမှု လုပ်ငန်း ကို များစွာ မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

CNTAC အနေဖြင့် ယခု အကြိမ် မြန်မာ နိုင်ငံ သို့ လာရောက်စဉ် အတွင်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ၊ အထည်ချုပ် လုပ်ငန်း ဆိုင်ရာ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း နှင့် အထည်ချုပ် လုပ်ငန်း စီမံခန့်ခွဲမှု နှင့် လူမှုရေး တာဝန်ယူမှု ဆိုင်ရာ သင်တန်း ပို့ချမှု များ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)