Connect with us

Economy

ရန်ကုန် မြို့ တွင် UnionPay Card များ နေ့ချင်းပြုလုပ်ပေးသည့် ပွဲအခမ်းအနား ကျင်းပ


ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား ကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Junction City , Promotion Area တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံ ရှိ ပြည်တွင်း Partner Bank များ အတွင်း မှ AGD,AYA,CB နှင့် MOB ဘဏ် တို့မှ ပူးပေါင်းပါဝင်ခဲ့ကြကာ အခမ်းအနား တွင် UnionPay Card များ နေ့ချင်းပြုလုပ်ပေးခဲ့သည်။

UnionPay International ကုမ္ပဏီ ရန်ကုန်ရုံးခွဲ Business Development Manager ဦးအောင်နန္ဒကျော် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားရာတွင် ယနေ့ပွဲ ပြုလုပ်သည့် အဓိက ရည်ရွယ်ချက် အနေဖြင့် UnionPay Card အသုံးပြုပုံ နှင့် ပတ်သက်၍ မိတ်ဆက်ပေးခြင်း ဖြစ်ပြီး ကဒ် အသုံးပြုခြင်း မှ ရရှိမည့် ပရိုမိုးရှင်း အစီအစဉ် များကို မိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အတွင်းရှိ ပြည်သူလူထု များအနေဖြင့် UnionPay Card ပြုလုပ်ထားခြင်းဖြင့် ပြည်တွင်း/ပြည်ပ ၌ အဆင်ပြေ လွယ်ကူစွာ အသုံးပြုသွားနိုင်မည် ဖြစ်ပြီး မိမိ အသုံးပြုခဲ့သည့် ငွေကြေးများ နှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ကာ မိမိ ငွေကြေးများ သူတစ်ပါး ခိုးယူခြင်း မှလည်း ကာကွယ်နိုင်ကြောင်း ၊ UnionPay Card မှာ Pin-based အမျိုးအစား ဖြစ်သောကြောင့် လွန်စွာ လုံခြုံမှု ရှိပြီး လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ UnionPay Card အသုံးပြုသူပေါင်း ၁ သန်းခန့် ရှိကြောင်း ၊ UnionPay အနေဖြင့် လာမည့်နှစ်တွင်လည်း Innovative Technology များ ဖြစ်ကြသည့် QR Code နှင့် Compass စနစ် တို့အား မြန်မာ နိုင်ငံ တွင် မိတ်ဆက်သွားရန် စီစဉ်ထားကြောင်း ၊ UnionPay Card အသုံးပြုသူများအနေဖြင့် နိုင်ငံတကာ ရှိ ATM များတွင် ငွေသား ထုတ်ယူခြင်း နှင့် ဈေးဝယ်အသုံးပြုခြင်းများ ကို အဆင်ပြေလွယ်ကူစွာ အသုံးပြုသွားနိုင်မည်ဖြစ်ပြီး UnionPay နှင့် ပတ်သက်သည့် ပရိုမိုးရှင်း အကျိုးခံစားခွင့်များကို ရရှိသွားနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

UnionPay Myanmar ၏ “Launch of UnionPay Facebook Page & Educational Video” ပွဲအခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

UnionPay Myanmar အနေဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရန်ကုန်မြို့ တွင် ရုံးခွဲ စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းဘဏ်များ ဖြစ်ကြသည့် KBZ,AYA,CB,MAB,UAB,MOB နှင့် AGD စသည့် ဘဏ်များနှင့် လက်တွဲ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း ၊ UnionPay Myanmar အနေဖြင့် မြန်မာ နိုင်ငံရှိ စားသောက်ဆိုင် နှင့် City Mark များတွင် UnionPay Card အသုံးပြုခြင်းဖြင့် ပရိုမိုးရှင်း ရရှိနိုင်မည့် အစီအစဉ်များ အား ဆောင်ရွက် ပေးထားကြောင်း ၊ UnionPay International ကုမ္ပဏီ အနေဖြင့် နိုင်ငံတကာ ရှိ အဖွဲ့အစည်းပေါင်း ၁,၈၀၀ ကျော် နှင့် ပူးပေါင်းဆောင်ရွက်မှု တည်ရှိပြီး နိုင်ငံ နှင့် ဒေသ ပေါင်း ၁၇၀ ကျော် တွင် အသုံးပြုနိုင်သောကြောင့် နိုင်ငံတကာ အတွင် အသုံးပြုနိုင်သည့် ဘဏ်ကဒ် အမျိုးအစား တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.