Economy
တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် “မြန်မာ့ ခရီးသွား ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲ” အခမ်းအနား ကျင်းပ
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
“မြန်မာ့ ခရီးသွား ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲ” အခမ်းအနား အား ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်း အချိန် တွင် တရုတ် နိုင်ငံ ပေကျင်းမြို့ရှိ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံရုံး(ပေကျင်း) တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မိတ်ဆက်ပွဲ မှ တစ်ဆင့် အခမ်းအနား တက်ရောက်ခဲ့ကြသူများ က မြန်မာ နိုင်ငံ အပေါ် ပိုမို သိရှိနားလည်းခွင့် ရရှိခဲ့ကြသည်။
တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးမျိုးသန့်ဖေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် အားပေးထောက်ခံလျက်ရှိကြောင်း ၊ ယခု လက်ရှိ နှစ်နိုင်ငံ ကောင်းမွန်သော ဆက်ဆံရေး ကို အခြေခံ၍ နှစ်နိုင်ငံခရီးသွား ကဏ္ဍ အား အပြန်အလှန် နားလည်မှု ပေးခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း ၊ ခရီးသွား လုပ်ငန်း က နှစ်နိုင်ငံ ပြည်သူလူထု အချင်းချင်း အပြန်အလှန် နားလည်မှု ကို လျင်မြန်စွာ မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ သံရုံး အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် အကြီးမားဆုံးသော ပံ့ပိုးကူညီမှုကို ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ-တရုတ် ယဉ်ကျေးမှု နှင့် ခရီးသွား မြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ Mr.Liu Wei မှ ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)
“မြန်မာ့ ခရီးသွား ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)
“မြန်မာ့ ခရီးသွား ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)
အခမ်းအနား တွင် “မြန်မာခရီးသွား အရင်းအမြစ် မိတ်ဆက်ပွဲ” ၊ “မြန်မာ့အလှ ရိုက်ကူးရေး ဆိုင်ရာ နည်းဥပဒေ နှင့် လက်တွေ့ဆောင်ရွက်ရေး လမ်းညွှန်” ၊ “မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒ နှင့် ရင်းနှီးမြှုပ်နှံ နိုင်သော စီမံကိန်း” စသည့် ခေါင်းစဉ် သုံးရပ်ဖြင့်လည်း မိတ်ဆက်ပွဲများ ကိုလည်း ကျင်းပ ပြုလုပ်ပေးခဲ့သည်။
“မြန်မာခရီးသွား အရင်းအမြစ် မိတ်ဆက်ပွဲ” ကဏ္ဍတွင် မြန်မာ-တရုတ် ယဉ်ကျေးမှု နှင့် ခရီးသွား မြှင့်တင်ရေး အသင်း ဥက္ကဋ္ဌ Mr.Liu Wei မှ မြန်မာ နိုင်ငံ ခရီးသွား အရင်းအမြစ်များ ၏ အားသာချက်များ ၊ မြန်မာ့ခရီးသွား လုပ်ငန်း လည်ပတ်ရာတွင် သတိပြုလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များ ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ၏ ကောင်းမွန်သော အနာဂါတ် အချက်များ ကို အသေးစိတ် ရှင်းလင်းပြောကြား ပေးခဲ့သည်။
မိတ်ဆက်ပွဲ အခမ်းအနား အား တရုတ် နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံရုံး ၏ ထောက်ခံမှုဖြင့် မြန်မာ-တရုတ် ယဉ်ကျေးမှု နှင့် ခရီးသွား မြှင့်တင်ရေး အသင်းမှ ကြီးမှူးပြီး Exploring Myanmar Culture & Tourism Organization မှ ပူးပေါင်း ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)