Connect with us

Politics

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ ဧပြီလ ၅ ရက်မှ ၆ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ်လာရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ မြန်မာပြည်ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဧပြီလ ၄ ရက်က ကြေညာလိုက်ခြင်းဖြစ်သည်။ (Xinhua)