Connect with us

Politics

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံသည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ပိုမိုသာယာသည့် အနာဂတ်ကို ဖွင့်လှစ်ပေးနိုင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Hong Liang အားတွေ့ရစဉ်။

[မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Hong Liang ရေးသားသည်။]

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကို ၂၀၁၇ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့တွင် ပေကျင်း၌ အောင်မြင်စွာ ကျင်းပခဲ့ ပါသည်။ အဆိုပါ အစည်းအဝေးသည် တရုတ်နိုင်ငံအတွက်ရော တစ်ကမ္ဘာလုံးအတွက် ပါ ကြီးမားနက်ရှိုင်းသည့် သြဇာသက်ရောက်မှုရှိသော အရေးပါသည့် အစည်းအဝေး တစ်ရပ်ဖြစ်ပါသည်။ အစည်းအဝေး၏ အဓိကဆောင်ပုဒ်မှာ “မူရင်းစိတ်ကို မအောက်မေ့ ဘဲ တာဝန်ကိုစွဲစွဲမြဲမြဲမှတ်သားပြီး တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ် ဝါဒကို လက်ကိုင်ထားကာ အသင့်အတင့်ချမ်းသာသည့် လူမှုအဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ခြင်းဖြင့် ခေတ်သစ်တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ် ဝါဒအောင်မြင်မှုများကို ရယူ၍ ကြီးမြတ်သည့် တရုတ်အမျိုးသားပြန်လည် ဖွံ့ဖြိုးတိုးတက် ရေးဟူသော တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရေး” ဖြစ်ပါသည်။ ညီလာခံတွင် Xi Jinping ၏ ခေတ်သစ် တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို အတည်ပြုပြီး ယခုရာစုနှစ်အလယ်ပိုင်းတွင် ချမ်းသာ၊ ဒီမိုကရေစီကျကျ၊ ယဉ်ကျေးမှုရှိသော သင့်မြတ် သာယာသည့်ဆိုရှယ်လစ်ဝါဒခေတ်မီနိုင်ငံကြီးကိုတည်ဆောက်ရန် လမ်းကြောင်းမြေပုံ နှင့် အချိန်ဇယားကို ဘက်စုံချမှတ်၍ ကြီးမြတ်သည့် တရုတ်အမျိုးသားပြန်လည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်လမ်းညွှန်ပေးခဲ့ပါသည်။

ညီလာခံတွင် ရှေးဦးစွာအနေနှင့် တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကို ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှု နှင့်တံခါးဖွင့်မှုနှင့် ဆိုရှယ်လစ်ဝါဒခေတ်မီထူထောင်မှုတို့၏ သမိုင်းဝင်အောင်မြင်မှုများကို ဘက်စုံပေါင်းရုံးသုံးသပ်ခဲ့ပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် အလယ်အလတ်မြန်နှုန်းနှင့် မြန်နှုန်းမြင့်ဖြင့် အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာလျက်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်ငွေ ဘီလီယံ ၅၄၀၀၀ မှ ဘီလီယံ ၈၀၀၀၀ အထိ (အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀၀ မှ ဘီလီယံ ၁၂၀၀၀ အထိ) တိုးများလာ၍ တစ်ကမ္ဘာလုံးတွင် ဒုတိယနေရာ၌ တည်ရှိပါသည်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်မှု နှုန်းမှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိပြီး ပြည်သူများ၏ နေထိုင်မှုဘဝသည် အဆက်မပြတ် ကောင်းမွန်တိုးတက်လာခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံပြုလုပ်ရာတွင် ကြီးမား သည့် ထိုးဖောက်မှုကို ရရှိပြီး ဒီမိုကရေစီတရားဥပဒေစိုးမိုးမှုကို တည်ဆောက်ရာတွင် အရေးပါသည့် ခြေလှမ်းကို လျှောက်လှမ်းခဲ့ပါသည်။ ဇီဝယဉ်ကျေးမှုတည်ဆောက်ရေး ဘက်တွင် သိသာထင်ရှားသည့် ရလဒ်များရရှိပြီး စစ်တပ်အင်အား တောင့်တင်းရေး ဘက်တွင်လည်း အခြေအနေသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ တရုတ်ထူးခြားချက် လက္ခဏာပါရှိသော နိုင်ငံကြီးသံတမန်ရေးမူဝါဒကို ဘက်စုံကျင့်သုံးသောကြောင့် နိုင်ငံတကာတွင် တရုတ်နိုင်ငံ၏လွှမ်းမိုးနိုင်စွမ်း၊နှိုးဆော်နိုင်စွမ်းနှင့်ပုံသွင်းနိုင်စွမ်းတို့သည် ပိုမိုမြင့်တက်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Xi Jinping မှ ညီလာခံသို့ တင်ပြသည့် အစီရင်ခံစာတွင် တရုတ်ထူးခြားချက်လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒ သည် ခေတ်သစ်သို့ ဝင်ရောက်နေပြီဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ သမိုင်းဝင်နေရာသစ်ဖြစ်ပါသည်။ တရုတ်ထူးခြားချက်လက္ခဏာ ပါရှိသောဆိုရှယ်လစ် ဝါဒသည် ခေတ်သစ်သို့ဝင်ရောက်နေပြီဖြစ်ပါသည်။ ဆိုလိုသည်မှာ ခေတ်နီးပိုင်းတွင် အခက်အခဲများစွာ ရင်ဆိုင်ကျော်လွှားခဲ့ရသည့် တရုတ်အမျိုးသားသည် နှိုးထလာခြင်း၊ ချမ်းသာလာခြင်းမှ အင်အားတောင့်တင်းလာခြင်းဟူသော ကြီးမားသည့် တိုးတက်မှုများ ရရှိပြီး တရုတ်အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ပွင့်လင်းသည့် အနာဂတ်သို့ ဝင်ရောက်နေပြီဖြစ်ပါသည်။ သိပ္ပံနည်းကျကျဆိုရှယ်လစ်ဝါဒသည် ၂၁ ရာစုနှစ် တရုတ် နိုင်ငံတွင် ရှင်သန်နိုင်စွမ်းကို ထွက်ပေါ်လာပြီး ကမ္ဘာပေါ်တွင် တရုတ်ထူးခြားချက် လက္ခဏာပါရှိသော ဆိုရှယ်လစ်ဝါဒအလံကို တလူလူလွှင့်ထူနေပြီဖြစ်ပါသည်။ တရုတ် ထူးခြားချက်လကဏာပါရှိသော ဆိုရှယ်လစ်ဝါဒလမ်းကြောင်း၊ သဘောတရား၊ စနစ်နှင့် ယဉ်ကျေးမှု အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ ခေတ်မီရေးသို့ လျှောက်လှမ်းသည့် လမ်းကြောင်းကို တိုးချဲ့ဖောက်လုပ်ပေးကာ ကမ္ဘာပေါ်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ချင်သော်လည်း လွတ်လပ်စွာ ရပ်တည်ရန် မျှော်လင့်သော နိုင်ငံနှင့် လူမျိုးများအတွက် ရွေးချယ်ခွင့်အသစ်ကို ထောက်ပံ့ပေး၍ လူသားတို့၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးအတွက် တရုတ်အသိဉာဏ်နှင့် တရုတ်နည်းလမ်းကို ထောက်ပံ့ ပေးနေပြီဖြစ်သည်ဟု ဖော်ပြထားပါသည်။

ခေတ်သစ်သို့ဝင်ရောက်လာသည့် တရုတ်နိုင်ငံ၏သံတမန်ရေးရာနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာတွင် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စွဲကိုင်ထားပြီး နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်ကို တည်ဆောက်ကာ လူသားတို့၏ကံကြမ္မာအသိုက်အဝန်းကိုတည်ဆောက်ရန် ဖော်ပြထားပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက် ခြင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းဟူသော သံတမန်ရေးရာမူဝါဒ ရည်မှန်းချက်ကို စောင့်စည်းလိုက်နာပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် အခြေခံပေါ်တွင် နိုင်ငံအသီးသီးတို့နှင့် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ကာ တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တရားမျှတခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်းဟူသော နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ကို တည်ဆောက်ရန် ဦးလည်မသုန်တွန်းအားပေးမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အခြေအနေနှင့် ခေတ်ကာလအဓိကအကြောင်းအရာအပေါ် အကဲဖြတ်မှုအရ လူသားတို့ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန် အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိ ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သည့် အခြေအနေသည် ပြောင်းလဲ၍မရပေ။ တစ်ချိန်တည်း တွင် လူသားတို့သည် တူညီသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းစိန်ခေါ်မှုများ ကို တစ်ကိုယ်တည်းရင်ဆိုင်ဖြေရှင်းနိုင်သည့်နိုင်ငံ မရှိသကဲ့သို့ မိမိကိုယ်ကို လှောင်ပိတ် ထားသည့် အထီးကျန်အခြေအနေသို့ ပြန်ရောက်သွားမည့်နိုင်ငံလည်းမရှိဟု မိမိတို့ ယူဆပါသည်။ နိုင်ငံအသီးသီးတို့မှ ပြည်သူများသည် လူသားတို့ကံကြမ္မာအသိုက် အဝန်းနှင့် ရေရှည်ငြိမ်းချမ်းသော၊ ကျယ်ပြန့်သည့်လုံခြုံမှုရှိသော၊ အတူတကွစည်ပင် သာယာဝပြောသော၊ ပွင့်လင်း၍အားလုံးပါဝင်နိုင်သော၊ သန့်ရှင်းလှပသော ကမ္ဘာကြီးကို တစ်စိတ်တစ်ဝမ်းတည်း ကြိုးပမ်းတည်ဆောက်ရန် လိုပါသည်။

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာ တွင် တရုတ်နိုင်ငံသည် လွတ်လပ်သည့် ငြိမ်းချမ်းရေးသံတမန်ရေးရာမူဝါဒကို တစိုက်မတ်မတ် စွဲကိုင်ထားပြီး နိုင်ငံအသီးသီးတို့မှ ပြည်သူများ၏ မိမိဆန္ဒအလျောက် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းရွေးချယ်ခွင့်ကို လေးစားပါသည်။ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိ၏ဆန္ဒကို တစ်ပါးသူအား အတင်း အဓမ္မခံယူစေခြင်း၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်း၊ ကြီးနိုင် ငယ်ညှဉ်းခြင်းတို့ကို ကန့်ကွက်ပါသည်။ တရုတ်နိုင်ငံသည် မိမိဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနိုင်ငံ၏ အကျိုးအမြတ်ကို ထိပါးစေမည် မဟုတ်သကဲ့သို့ မိမိ၏ တရားမျှတသည့် အကျိုးစီးပွားကိုလည်း စွန့်လွှတ်မည်မဟုတ်ပေ။ တရုတ်နိုင်ငံ၏ အကျိုးစီးပွား ထိခိုက် စေသည့်လုပ်ရပ်ကို ဖော်ဆောင်ရန် မည်သူမဆို စိတ်မကူးသင့်ပေ။ တရုတ်နိုင်ငံသည် ခုခံကာကွယ်ခြင်းဟူသော နိုင်ငံတော်ကာကွယ်ရေးမူဝါဒကို ကျင့်သုံးပါသည်။ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မည်သည့်နိုင်ငံအပေါ်မဆို ခြိမ်းခြောက်မှုမဖြစ်စေပါ။ တရုတ်နိုင်ငံသည် မည်ကဲ့သို့တိုးတက်သည့်အခြေအနေသို့ ရောက်ရှိစေကာမူ ဘယ်တော့မှ လက်ဝါးကြီးမအုပ်ပါ၊ ဘယ်တော့မှချဲ့ထွင်ခြင်းမပြုပါ။ အိမ်နီးချင်းနိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အတွေးအခေါ်များနှင့် အိမ်နီးချင်းနိုင်ငံ များနှင့် ရိုးသားစွာဆက်ဆံခြင်း၊ အဖော်ပြုခြင်းဟူသည့် သံတမန်ရေးရာမူဝါဒနှင့်အညီ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပါမည်။ မှန်ကန်ဖြောင့်မတ်သည့် အကျိုးအမြတ်အမြင်၊ စစ်မှန်သည့် ချစ်ကြည်ရိုးသားသော အတွေးအခေါ်ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပါမည်။ နိုင်ငံအသီးသီးတို့မှ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပြီး ပြည်သူ့ကွန်ကရက်၊ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၊ တပ်မတော်၊ ဒေသန္တရနှင့် ပြည်သူလူထုအသိုက်အဝန်းစသည်တို့မှ ပြည်ပနှင့်ကူးလူး ဆက်ဆံရေးကိုလည်း မြှင့်တင်မည်ဟု ဖော်ပြထားပါသည်။

အထက်ဖော်ပြပါ သံတမန်ရေးရာအတွေးအခေါ်များသည် လက်ရှိ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဖလှယ်မှုများနှင့် အနာဂတ်တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဖလှယ်မှုများအတွက် အရေးကြီးပြီး လက်တွေ့အကောင်အထည်ဖော်သည့် လမ်းညွှန်မှုဖြစ်ကြပါသည်။ တရုတ်-မြန်မာအကြားတွင် အတူတူပိုင်ဆိုင်သောနယ်နိမိတ် မျဉ်းကြောင်းမှာ ကီလိုမီတာ ၂၂၀၀ ကျော်ရှည်လျားပြီး နှစ်နိုင်ငံပြည်သူလူထုအကြားရှိ ရိုးရာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာတည်ရှိခဲ့၍ နှစ်နိုင်ငံတို့ကဆိုးအတူပူအမျှအိမ်နီးချင်းကောင်းဖြစ်ပြီး တူညီသော ကံကြမ္မာရှိသည့် နိုင်ငံဖြစ်ကြပါသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံနှင့် ပြည်သူလူထုက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးမှုနှင့် လူမှုဘဝမြှင့်တင်ပေးခြင်းများကို အလိုလားဆုံးဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ဆွေမျိုး ပေါက်ဖော်အနေဖြင့် အစွမ်းကုန်ကူညီပေးရန်ဆန္ဒရှိပါသည်။ မြန်မာနိုင်ငံ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြပြီး နိုင်ငံ ကောင်းမွန်စွာ တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာတွင် “The Belt and Road” ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံစီးပွားရေး တည်ဆောက်ခြင်း နှင့် ဘက်စုံသံတမန်ရေးရာလုပ်ငန်းတို့၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံဖွံ့ဖြိုးမှုလုပ်ငန်း အကောင်အထည် ဖော်ရာတွင် အထောက်အကူပြုနိုင်သည့် အရေးကြီးသော အခွင့်အလမ်းဖြစ်ပါသည်။ ယခုနှစ်မေလတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ ရှေ့မောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရတို့က “The Belt and Road” အတူတကွတည်ဆောက်ရန် သဘောတူ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့ပါသည်။ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်မှ “The Belt and Road” အတူတကွတည်ဆောက်ခြင်းသည် မြန်မာအစိုးရ၊ တပ်မတော်၊ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီးနှင့် နယ်ပယ်အသီးသီးတို့်မှ ထောက်ခံမှု ကြီးကျယ်စွာရရှိခဲ့ပြီး လက်ရှိကာလနှင့် အနာဂတ်ကာလတစ်ခုအတွင်းတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေး၏ အဓိကလုပ်ငန်းနှင့် အရေးပါသည့် စင်မြင့်ဖြစ်ပါသည်။ အသေးစိတ်ဖော်ပြရလျှင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်မှ “The Belt and Road” အတူတကွတည်ဆောက်ရေးဟူသည်မှာ ငြိမ်းချမ်းရေးလမ်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနှင့် လူမှုဘဝမြှင့်တင်ရေးလမ်းကြောင်းများ အတူတူတည်ဆောက်ရန် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးလမ်းကြောင်းသည် စတင်ဖြစ်ထွန်းလျက်ရှိပါသည်။ “The Belt and Road” ဆိုသည်မှာ ရှေးဦးစွာငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်ပြီး ယင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် တူညီသောလုပ်ငန်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာတွင် ဆွေးနွေးပြီး အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ ညှိနှိုင်းပြီး သဘောထားကွဲလွဲမှုများ ပပျောက်စေခြင်းဟူ၍ ဖော်ပြထား ပါသည်။ ဤအတွေးအခေါ်ညွှန်ပြသည့်အတိုင်း တရုတ်ဘက်က မြန်မာနိုင်ငံ ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်ဘက်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်ကို ထားရှိပြီး ကြားဝင် ညှိနှိုင်းခြင်းလုပ်ငန်း တက်ကြွစွာဆောင်ရွက်ပါသည်။ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်တို့ သည် တရုတ်-မြန်မာနိုင်ငံခြားရေးနှင့်ကာကွယ်ရေး ၂+၂ အဆင့်မြင့်ညှိနှိုင်းရေးစနစ်ကို ထူထောင်ကြပြီး တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို အတူတူကာကွယ် စောင့်ရှောက်ကြပါသည်။ တရုတ်ဘက်က တက်ကြွစွာ ထောက်ပံ့ပြီး တွန်းအားပေးခြင်း အားဖြင့် ယခုနှစ်မေလတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့တို့သည် နေပြည်တော်သို့ ရောက်ရှိကြပြီး ဒုတိယအကြိမ် “၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ” သို့ တက်ရောက်ခဲ့ကြပါသည်။ မကြာသေးမီက မြန်မာ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့သည် “ဝ”ဒေသနှင့် ရှမ်းပြည်နယ် အထူးဒေသ (၄) သို့အောင်မြင်စွာသွားရောက်လည်ပတ်ကြည့်ရှုခဲ့ပါသည်။ တရုတ်ဘက် အနေဖြင့် လာမည့်နှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တတိယအကြိမ် “၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ” အောင်မြင်စွာကျင်းပရန် ကြိုတင်ဆုတောင်းမေတ္တာပို့သအပ်ပြီး မြန်မာနိုင်ငံအဘက်ဘက်တို့က ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ခြင်းနှင့် မြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခြင်းဟူသော သဘောတူညီမှု အကောင်အထည်ဖော်၍ ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုများ ဆောလျင်စွာရရှိနိုင်ရန် ထောက်ခံပါသည်။

ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဟူသည်မှာ အတူတူဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ် ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာတွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လွတ်လပ်ပြီး သက်သာလာရန်၊ economic globalization ကို ပို၍ဖွင့်လှစ်ခြင်း၊ အများပါဝင်ခြင်း၊ ကျယ်ပြန့်စွာအခွင့်ခံစားခြင်း၊ ဟန်ချက်ညီညီရှိခြင်း၊ အကျိုးတူခြင်းအစရှိသောအဘက်များသို့ ဦးတည်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု နိုင်ငံအနေဖြင့် တရုတ်ဘက်မှ မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွံ့ဖြိုးရေးစီမံကိန်းကြီးနှင့် လက်တွေ့လိုအပ်ချက်များအရ မဟာဗျူဟာချင်း ကိုက်ညီအောင် ဆောင်ရွက်ပြီး “တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်-မြန်မာ နယ်စပ်ဒေသကို ဖြတ်ကျော်ကာ မန္တလေးမြို့အထိ၊ မန္တလေးမြို့မှ အရှေ့သို့တန်းလာကာ ရန်ကုန်မြို့သစ်အထိ၊ မန္တလေးမြို့မှအနောက်သို့တန်းသွားကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ” ဟူသော တရုတ်-မြန်မာစီးပွားရေးစြင်္ကန်ကို အတူတကွတည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြန်မာ ဘက်နှင့် ဆွေးနွေးရန်ဆန္ဒရှိပါသည်။ ထို့အပြင် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းချောမွေ့စွာလည်ပတ်ရန်၊ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းဆောလျင်စွာ စတင်ရန်၊ နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အတူတကွတည်ဆောက် ရန်၊ နှစ်နိုင်ငံလမ်းများနှင့် လျှပ်စစ်ကွန်ရက် အပြန်အလှန်ဆက်သွယ်ရန်၊ ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ရန်၊ ရန်ကုန်မြို့သစ်တည်ဆောက်ရန် အစရှိ သောလုပ်ငန်းများ အတူတကွဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားသစ်များ အဆက်မပြတ်ဖြည့်စွက်ရန်ဆန္ဒရှိပါသည်။

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန်အထောက်အကူပြုခြင်းဖြစ် ပါသည်။ ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရန် ကြိုတင် လိုအပ်ချက်နှင့် အာမခံချက်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေးဆက်လက် တွန်းအားပေးရန် နည်းလမ်းနှင့်အခြေခံဖြစ်သည်ကို တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံက သက်သေပြခဲ့ပါသည်။ တရုတ်ဘက်၏ အထက်ပါအတွေးအခေါ်သည် မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသော ပြဿနာကို ဖြေရှင်းတဲ့နေရာတွင် အကောင်အထည်ဖော်နေပါသည်။ တရုတ်ဘက်အနေဖြင့် တရား မျှတရေးအပေါ် တစ်လျှေက်လုံးရပ်တည်၍ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ကာကွယ်ရန် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုကို ထောက်ခံ ပါသည်။ မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းယိ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံစလုံး လက်ခံသော ရခိုင်ကိစ္စကို အဆင့်(၃)ဆင့်နှင့် ဖြေရှင်းပေးသော အဆိုပြုချက်ကို အဆို တင်သွင်းခဲ့ပါသည်။ ပထမအဆင့်သည် အပစ်အခတ်နှင့် အကြမ်းဖက်မှုရပ်စဲ၍ တည်ငြိမ်အေးချမ်းရေး ပြန်လည်အကောင်အထည်ဖော်ပြီး ပြည်သူလူထု အေးချမ်း သာယာသောဘဝကို ခံစားနိုင်၍ အိုးမဲ့အိမ်မဲ့ခိုကိုးရာမဲ့စွာဖြင့် မနေရတော့ပေ။ ဒုတိယ အဆင့်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံထိတွေ့ ဆက်ဆံမှုကို ထိန်းသိမ်းမြှင့်တင်ပြီး တန်းတူညီမျှချစ်ခင်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းဖြင့်ပြဿနာလက်တွေ့ကျကျ ဖြေရှင်းရန် အဖက်ဖက်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း အတူတကွထောက်ခံအားပေးရန် ဖြစ်ပါသည်။ မကြာခင်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသူတွေ မူလနေရပ် ပြန်လည်ရောက်ရှိရန်သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ သည့်အပေါ် တရုတ်နိုင်ငံက ချီးကျူးပါသည်။ အထက်ပါစာချုပ်ကို အမြန်ဆုံးအကောင် အထည်ဖော်၍ မျက်မြင်နိုင်သော အောင်သီးအောင်ပွင့်ကို ရရှိနိုင်ရန်မျှော်လင့်ပါသည်။ တတိယအဆင့်သည် ပြဿနာ၏ အရင်းအမြစ်ကို ရဲရင့်စွာရင်ဆိုင်ပြီး ဖြေရှင်းရန် ညှိနှိုင်း ဆွေးနွေးဖို့ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှှုသည် မတည်မငြိမ်မှုနှင့်အဓိကရုဏ်းဖြစ်ပေါ် လာခြင်း၏ အရင်းအမြစ်ပင်ဖြစ်ပါသည်။ မြန်မာအစိုးရ ဆင်းရဲမွဲတေမှုလျှော့ပစ်ရေး လုပ်ငန်းကနေ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့် တည်ငြိမ်အေးချမ်းရေးကို အကောင်အထည်ဖော်သည်ကို တရုတ်နိုင်ငံက ထောက်ခံ အားပေး၍ တတ်နိုင်သမျှ စွမ်းဆောင်မှုပြုလုပ်ရန်လည်းဆန္ဒရှိပါသည်။ အထက်ပါ အဆင့်(၃)ဆင့် အဆိုပြုချက်ကို ရှေ့သို့ တွန်းတင်သည်နှင့်အလျောက် ရခိုင်ပြည်နယ် တွင် လူမျိုးစုပြန်လည်သင့်မြတ်ရေး၊ လူမှုဘဝတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်ဟု တရုတ်ဘက်က ရိုးသားဖြူစင် စွာ မျှော်လင့်ပါသည်။

လူမှုဘဝမြှင့်တင်ပေးသည့်လမ်းကြောင်းဟူသည်မှာသာယာအေးချမ်းသောဘဝကို ဦးတည်ခြင်းဖြစ်ပါသည်။ တရားမျှတမှုဖြင့် ဖွဲ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ ၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အထက်ပါညွှန်ကြားချက်အကောင်အထည်ဖော် ရန် တရုတ်ဘက်သည် မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးစသည့်ပြည်သူ့အကျိုးပြုစီမံကိန်းများကိုဆက်တိုက်ဖော်ဆောင်ခဲ့ပါသည်။ မြန်မာပြည်သူလူထုများ နှစ်နိုင်ငံချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုး ကျေးဇူးများစွာရရှိရန် ရည်မှန်းချက်ရှိပါသည်။ ဥပမာအားဖြင့် ၂ဝ၁၅ ခုနှစ်တုန်းက မြန်မာနိုင်ငံသည် အနှစ်(၅ဝ)အတွင်း အဆိုးဝါးဆုံးရေဘေးဒုက္ခကို ကြုံတွေ့ခဲ့ပါသည်။ တရုတ်ဘက်သည် အချိန်နှင့်တပြေးညီ မြန်မာနိုင်ငံကို အကူအညီပေး၍ “သဘာဝ အန္တရာယ်ရက်စက်ပေမဲ့ လူတွေအကြားမေတ္တာနက်ရှိင်း၊ ဆွေမျိုးပေါက်ဖော် အကျပ် အတည်းကြုံခိုက် ညီအစ်ကိုရိုင်းပင်ကူညီကြ”၏ အနှစ်သာရကို အကောင်အထည်ဖော်ခဲ့ ပါသည်။ မြန်မာအစိုးရက H1N1ရောဂါကို တိုက်ခိုက်ရာတွင် တရုတ်ဘက်က ကာကွယ်ဆေး ထောက်ပံ့ကူညီသလို “အလင်းရောင်ခရီးစဉ်” ဆေးကုဖွဲ့ကိုလည်း စေလွှတ်ပြီး မျက်စိအတွင်းတိမ်ရောဂါခွဲစိတ်ကုသမှု (၂ဝဝဝ)ကျော် အခမဲ့ဆောင်ရွက်ခဲ့ ပါသည်။ ထို့အပြင် တရုတ်ဘက်သည် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း အကျောင်း (၂ဝ)တည်ဆောက်ခဲ့ပါသည်။ တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု၊ ပညာသင် ထောက်ပံ့ကြေးကို ကျောင်းသူကျောင်းသား (၁ဝဝဝ) ကျော် ထောက်ပံ့ပေးခဲ့ပါသည်။ ကျောင်းသူကျောင်းသား (၂ဝဝဝ) ကျော်ကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ် အခွင့် အလမ်းထောက်ပံ့ပါသည်။ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ အနှစ်သာရကို ပိုမို ကြွယ်ဝအောင် လက်တွေ့ကျကျအဆက်မပြတ်ဆောင်ရွက်နေပါသည်။

တရုတ်ကွန်မြူနစ်ပါတီ (၁၉) ကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံ၏ အစီရင်ခံစာ တွင် တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပြည်သူလူထု၏ အနာဂတ်ဘဝအတွက် ကောင်းမွန်သောမျှော်မှန်းတမ်းတချက်ကို ပန်းတိုင်အဖြစ် အမြဲတမ်းကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါသည်ဟု ဖော်ပြထားပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူလူထု၏ အနာဂတ်ဘဝအတွက် ကောင်းမွန်သောမျှော်မှန်းတမ်းတချက်သည် ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၏ ပန်းတိုင်ပင်ဖြစ်ပါသည်။ အထက်ပါတူညီသော ပန်းတိုင်၏လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းနှင့် လူမှုဘဝမြှင့်တင်ရေးလမ်းကြောင်း ပို၍ကျယ်ပြန့်စွာ၊ ပို၍ အဆင်ပြေစွာ လျှောက်လှမ်းနိုင်မှာဖြစ်သည်ဟု က္ဈန်တော်လေးလေးနက်နက်ယုံကြည် ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပို၍ကောင်းမွန်သောအနာဂတ်ကို ဖန်တီး ပေးရန် ကျွန်တော်တို့နှစ်ဦးနှစ်ဘက် လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း ရင်း နိဂုံးချုပ်အပ်ပါသည်။