Politics
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ(၁) တွင် လည်ပတ်ရေး ခရီးဖြင့်ရောက်ရှိနေသည့် တရုတ် နိုင်ငံ လူမှုရေး သိပ္ပံ အကယ်ဒမီ ဥက္ကဋ္ဌ ဝမ်ဝေကွမ်း (Wang Weiguang) ဦးဆောင်သော တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး ၊ နှစ်ပါတီအကြား ဆက်ဆံရေး တိုးမြှင့်ရေး နှင့် (၁၉) ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ကျင်းပပြီးစီးမှု အခြေအနေ များနှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ်ခဲ့ကြပြီး ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ နှင့်အတူ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော် ဌေး၊ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင် လွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း တို့တက်ရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ် ပါတီမှ ဝမ်ဝေကွမ်း နှင့်အတူ အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ခဲ့သည်။
တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ကိုယ်စားလှယ် အဖွဲ့ မှ ပြည်ခိုင်ဖြိုး ပါတီ ရုံးချုပ်တွင် (၁၉) ကြိမ်မြောက် CPC အမျိုးသား ညီလာခံ နှင့် ပတ်သတ်၍ ရှင်းလင်း မိတ်ဆက်ပေးစဉ်(ဓာတ်ပုံ-ကိုယ်စားလှယ်အဖွဲ့)
ထို့နောက် မွန်းလွဲ ၂ နာရီ အချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ(၂)တွင် တရုတ်ကွန် မြူနစ်ပါတီ (၁၉)ကြိမ်မြောက် ပါတီ ညီလာခံကျင်းပပြီးစီးမှုအခြေအနေ နှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဝမ်ဝေကွမ်း က ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များ နှင့် ပါတီ အဖွဲ့ဝင်များအား ရှင်းလင်းမိတ်ဆက် ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)