Connect with us

Social

တရုတ် နိုင်ငံ ကူညီထောက်ပံ့သည့် ဒုတိယ အကြိမ်မြောက် “အာဆီယံ ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး ဆိုင်ရာ နည်းပညာ ပို့ချမှု သင်တန်း” ဖွင့်လှစ်

ဒုတိယ အကြိမ်မြောက် “အာဆီယံ ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး ဆိုင်ရာ နည်းပညာ ပို့ချမှု သင်တန်း” ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၏ ဦးစီးဆောင်ရွက်မှု ဖြင့် ကျင်းပ ပြုလုပ်ပေးသော ဒုတိယ အကြိမ် မြန်မာ နိုင်ငံ “အာဆီယံ ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး ဆိုင်ရာ နည်းပညာ ပို့ချမှု”သင်တန်း ဖွင့်ပွဲအခမ်းအနား အား အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ ဗဟို အမျိုးသမီး ဆေးရုံ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ ဒေသ အသီးသီး ရှိ ဆရာဝန်များ အား သင်တန်း စတင် ပို့ချပေးခဲ့သည်။

ရန်ကုန် ဗဟို အမျိုးသမီး ဆေးရုံ ဆေးဘက်ဆိုင်ရာ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က ဖွင့်ပွဲ ၌ အမှာစကား ပြောကြားရာတွင် ယခု အကြိမ် ကျင်းပ ပြုလုပ်မည့် သင်တန်း တွင် သင်ကြားပေးမည့် အဓိက ရောဂါများ ကုသမှု နည်းလမ်း က များစွာ စိတ်ဝင်စားဖွယ် ဖြစ်ကြောင်း ၊ ယခင် တွင်လည်း တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ၏ နည်းပညာ အကူအညီ ဖြင့် မျိုးစပ်မှု ဆိုင်ရာ သင်တန်း ပြုလုပ်ခဲ့ကြောင်း ၊ မကြာမီ အချိန်တွင်လည်း ဟိုင်နန် မျိုးပွားမှု စနစ် စင်တာ ၏ ကျွမ်းကျင်သူ အဖွဲ့ အကူအညီ ဖြင့် မျိုးဆက်ဆိုင်ရာ ထိန်းချုပ်မှု ဓါတ်ခွဲခန်း အား ဆေးရုံ တွင် ထူထောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ပထမ အတွင်းဝန်  ဆူးကျယ် (Su Zhe) က အမှာစကား ပြောကြားရာ တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ က အစဉ်အစိုက် အိမ်နီးချင်းကောင်း များ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှု နှင့် အတူ နှစ်နိုင်ငံ အကြား ဖလှယ်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကို ခေတ်သစ်တွင် အဆင့် မြှင့်တင် နိုင်ခဲ့ကြောင်း ၊ ဆေးပညာ နှင့် ကျန်းမာရေး စောင့်ရှောက်မှု က ပြည်သူများ ၏ စားဝတ်နေရေး ဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံ အားလုံး နှင့်လည်း သက်ဆိုင်ကြောင်း ၊ နှစ်နိုင်ငံ ဆေးသိပ္ပံ နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ ကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ဆက်ဆံရေး တိုးတက်မှု ကို အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူတို့၏ ကျန်းမာသုခ ရှိစေရေး ကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ဗဟို အမျိုးသမီး ဆေးရုံ ဆေးဘက်ဆိုင်ရာ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က ဖွင့်ပွဲ ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ပထမ အတွင်းဝန်  ဆူးကျယ် (Su Zhe) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ဗဟို အမျိုးသမီး ဆေးရုံ သွားဖွား နှင့် မီးယပ် ဌာန ဌာနမှူး ပါမောက္ခ ဒေါ်နွယ်မာထွန်း က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဟွမ်ယွင်ဟွာ (Huang Yuanhua) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ဆေးတက္ကသိုလ်(၂) သားဖွားမီးယပ် ပညာဌာန ကထိက ဒေါက်တာ နှင်းနှင်းယု က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် ဗဟို အမျိုးသမီး ဆေးရုံ သွားဖွား နှင့် မီးယပ် ဌာန ဌာနမှူး ပါမောက္ခ ဒေါ်နွယ်မာထွန်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် သင်တန်း ၏ အဓိက ရည်ရွယ်ချက် မှာ ပုံမှန် ပဋိသန္ဓေမတည် နိုင်သော အမျိုးသမီးများ အတွက် ကိုယ်ဝန်ဆောင် နိုင်ရန် အဆင့်မြင့် နည်းပညာများ အား အစပျိုး မိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း ၊ ယခု သင်တန်း မှ ရရှိမည့် အချက်အလက်များ က အားလုံး အတွက် အဖိုးမဖြတ် နိုင် ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဟွမ်ယွင်ဟွာ (Huang Yuanhua) က သင်တန်း တွင် အပူပိုင်း ဒေသ အတွင်း အဓိက ရောဂါများ ကာကွယ်တားဆီးမှု နှင့် မျိုးမပွားနိုင်သော ပြဿနာ များ အတွက် ရလဒ်ကောင်းများ ရရှိစေမည် ဖြစ်ကြောင်း ၊ သင်တန်း မှ တစ်ဆင့် တရုတ် နိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံများ အကြား ဆေးဘက်ဆိုင်ရာ သင်ကြားရေး နှင့် သုတေသန ပြုရေး ဆက်သွယ်မှု နှင့် ဖလှယ်မှု များကို ပိုမိုခိုင်မာ လာစေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ဆေးတက္ကသိုလ်(၂) သားဖွားမီးယပ် ပညာဌာန ကထိက ဒေါက်တာ နှင်းနှင်းယု က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားရာတွင် ယခုကဲ့သို့သော သင်တန်း အား မိမိ များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး အတွေ့အကြုံများစွာ ကိုလည်း ရရှိစေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အနာဂတ် တွင်လည်း ဆေးဘက်ဆိုင်ရာ အသိပညာများအား မြန်မာ အား ဆက်လက် မျှဝေ သွားစေလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ အပေါ် ကူညီထောက်ပံ့မှု အား ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ တွင် ကျင်းပ ပြုလုပ်သည့် “အာဆီယံ ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” အား တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဌာန က အဓိက ဦးစီး ခဲ့ခြင်း ဖြစ်ပြီး  တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ၊ ဟောင်ကောင် တရုတ် ဘာသာစကား တက္ကသိုလ် နှင့် ရန်ကုန် ဆေးတက္ကသိုလ်(၁) ဗဟိုအမျိုးသမီး ဆေးရုံ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သင်တန်း အား အောက်တိုဘာ ၁၈ ရက် မှ နိုဝင်ဘာ ၁ ရက် နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ဒေသ အသီးသီး မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ၂၁ ဦး အား တရုတ် နိုင်ငံ ၏ ကုသမှု နည်းပညာများကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.