Connect with us

CPPCC

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) ၏ တတိယမြောက် အစည်းအဝေး သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို မြို့တော် ပေကျင်း၌ မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသည် မေ ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ၁၃ ကြိမ်မြောက် CPPCC ၏ တတိယမြောက် အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကောဝေ့မင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။COVID-19 ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ပုံမှန်ဆောင်ရွက်မှုများကြားတွင် ယခုနှစ် အစည်းအဝေးကို ယခင် စီစဉ်ထားသည်ထက် အချိန်တိုတိုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးအတွင်း မျက်နှာစုံညီအစည်းအဝေးများနှင့် အဖွဲ့လိုက်ဆွေးနွေးပွဲများကိုလည်း လျှော့ချသွားမည်ဖြစ်ကာ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်သွားမည်ဟု ဆိုသည်။တရုတ်နိုင်ငံဆိုင်ရာ ပြည်ပ သံတမန်များကို အစည်းအဝေး ဖွင့်ပွဲနှင့် ပိတ်ပွဲအစည်းအဝေးများသို့ လာရောက်လေ့လာရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်သတင်းယူရန် ပေကျင်းမြို့အခြေစိုက် ပြည်တွင်း၊ ပြည်ပသတင်းစာဆရာများစွာကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။အစည်းအဝေးအတွင်း CPPCC အမျိုးသားကော်မတီ၏ အမြဲတမ်းကော်မတီလုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံရေး အကြံပေးများ ဆွေးနွေးထားပြီးသော အဆိုပြုချက်များကို မည်သို့လုပ်ဆောင်မည့်အစီရင်ခံစာတို့ကို နိုင်ငံရေးအကြံပေးများက ကြားနာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကောက ပြောခဲ့သည်။

နိုင်ငံရေးအကြံပေးများသည် ၁၃ ကြိမ်မြောက် အမျိုးသားပြည့်သူ့ကွန်ဂရက်၏ တတိယမြောက်အစည်းအဝေးတွင် မဲဆန္ဒမပြုသော ပါဝင်သူများအဖြစ် တက်ရောက်မည် ဖြစ်ပြီး အစိုးရ၏ လုပ်ငန်းအစီရင်ခံစာနှင့် တရားမမှုဥပဒေမူကြမ်းကို ကြားနာခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ထို့ပြင် ဆုံးဖြတ်ချက်များ အပါအဝင် သဘောတူညီချက်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)