Connect with us

NPC

တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း အလုပ်အကိုင် ၁၃ သန်းကျော် ဖန်တီးပေးမည်ဟု ဝန်ကြီးချုပ် လီခဲ့ချန် ဆို

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း မြို့ပြ အလုပ်အကိုင်အသစ်ပေါင်း ၁၃ သန်းကျော် ဖန်တီးနိုင်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အနည်းဆုံး ရည်မှန်းချက်မှာ ၁၁ သန်းဖြစ်သော်လည်း ယင်းထက်မက များပြားသည့် ရည်မှန်းချက် ထားရှိရန် အစိုးရက ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း မြို့ပြ အလုပ်အကိုင်အသစ် ၆၆ သန်းကျော် ဖန်တီးပေးခဲ့ကြောင်း အလုပ်အကိုင်ဟူသည် မိသားစုတိုင်းအတွက် သာမက အစိုးရများအတွက်လည်း အရေးကြီးကြောင်း လီက ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း ကျေးလက်မှ ရွှေ့ပြောင်းအလုပ်သမားအသစ် အနည်းဆုံး သုံးသန်းသည် မြို့ပြများ၌ အလုပ်အကိုင် ရှာဖွေကြမည်ဖြစ်ကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကျေးလက်မှ ရွှေ့ပြောင်းလုပ်သား ၂၈၀ သန်းဝန်းကျင်သည် မြို့ပြများ၌ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၎င်းတို့သည် နိုင်ငံ၏ မြို့ပြပုံစံစနစ် မောင်းနှင်အားတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ယခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ ၈.၂ သန်း၊ အလယ်တန်း အသက်မွေးမှုကျောင်းများမှ အောင်မြင်သူ ၅ သန်းနှင့် စစ်မှုထမ်းမှ နုတ်ထွက်ခွင့်ရသူနှင့် အလုပ်သမား ၁ သန်းနီးပါး ရှိကြောင်း လီက ဆိုသည်။

“အဲဒီလူတွေအတွက် အလုပ်အကိုင်တွေ ရရှိနိုင်အောင် ကျွန်တော်တို့ အပြင်းအထန် အလုပ်လုပ်သွားမှာပါ။ အလုပ်လက်မဲ့ မိသားစုတွေ မရှိအောင် ကြိုးစားပြီး လုပ်သွားမှာပါ” ဟု ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.