Connect with us

Africa & Middle East

ဆီးရီးယားမှ ပစ်သည့်ဒုံးကျည်ကြောင့် တူရကီအရှေ့တောင်ပိုင်းတွင် လူ ၆ဦး ထိခိုက်ဒဏ်ရာရ

ဆီးရီးယားမှဒုံးကျည်ပစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

အန်ကာရာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဇူလိုင်၂၂ ရက်ညတွင် ဆီးရီးယားနိုင်ငံ ပိုင်နက်အတွင်းမှ ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် တူရကီနိုင်ငံ အရှေ့တောင်ဘက် Sanliurfa ပြည်နယ် တွင် အနည်းဆုံးလူ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့၏ အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံး ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန် ကကျောထောက်နောက်ခံပြုထားသည့် ကာဒ့်ပြည်သူ့ကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ပိုင်း ကို ထိန်းချုပ်သည်။

အဆိုပါ YPG သည် Kurdistan Workers’ Party (PKK) နှင့် ပေါင်းစည်းထားသည့် အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စာရင်းဝင်အဖြစ် တူရကီ က သတ်မှတ်ထားသည်။

သို့သော် ဆီးရီးယားနိုင်ငံ တွင် အမေရိကန် က YGP အဖွဲ့ အားအိုင်အက်စ်အဖွဲ့ကိုတိုက်ခိုက်ရန် ထောက်ပံ့ထားသည်။(Xinhua)