Connect with us

International Organizations

အမေရိကန်စစ်တပ်က ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တရားမဝင်တူးဖော်ထားသည့်ရေနံကို ရွှေ့ပြောင်းတင်ပို့နေကြောင်း ဆီးရီးယားမီဒီယာတွင် ဖော်ပြ

ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း ကျေးလက်ဒေသရှိ ရေနံတွင်းတစ်ခု၌ ဖြတ်လျှောက်သွားလာနေသည့် ဆီးရီးယားစစ်သားတစ်ဦးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တရားမဝင်တူးဖော်ထားသည့် ရေနံအသစ်တစ်သုတ်ကို အီရတ်နိုင်ငံသို့ ‌ရွှေ့ပြောင်းတင်ပို့ခဲ့ကြောင်း ဆီးရီးယားသတင်းအေဂျင်စီက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။အမေရိကန်စစ်တပ်က တရားမဝင်တူးဖော်ထားသည့်ရေနံများကို သြဂုတ် ၁၆ ရက်တွင် ရေနံတင်ယာဉ် ၆၅ စင်းဖြင့် အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းသို့ ရွှေ့ပြောင်းတင်ပို့ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ပြောကြားချက်ကို ကိုးကား၍ ဆီးရီးယားသတင်းအေဂျင်စီက ဖော်ပြထားသည်။ သတင်းဖော်ပြချက်များအရ မကြာသေးမီကာလအတွင်း အမေရိကန်စစ်တပ်က အီရတ်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့သည့် တရားမဝင်ရေနံတင်ဆောင်ထားသည့်ယာဉ် ၃၉၈ စင်းအထိရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ နေရာအများအပြားကို “ဆီးရီးယား ဒီမိုကရက်တစ်တပ်ပေါင်းစု” မှ ထိန်းချုပ်ထားပြီး “ဆီးရီးယား ဒီမိုကရက်တစ်တပ်ပေါင်းစု”ကို ဆီးရီးယားကာ့ဒ်လက်နက်ကိုင် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” မှ ဦးဆောင်ကြောင်းနှင့် ၎င်းတို့ကို အမေရိကန်မှ ဦးဆောင်သည့် အစွန်းရောက်အဖွဲ့အစည်း “IS” တိုက်ခိုက်ရေးအဖွဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှ ကူညီပံ့ပိုးနေကြောင်း သိရသည်။ မကြာသေးမီနှစ်များအတွင်း အမေရိကန်စစ်တပ်က ဆီးရီးယားအရှေ့မြောက်ပိုင်းမှ ရေနံများခိုးယူပြီးရွှေ့ပြောင်းတင်ပို့မှုများ မကြာခဏ ပြုလုပ်ခဲ့သည်ဟု ဆီးရီးယားအစိုးရက အကြိမ်ကြိမ်စွပ်စွဲခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
叙利亚媒体:美军在叙东北部转运新一批盗采石油
新华社大马士革8月16日电据叙利亚通讯社16日报道,美军当天转运新一批在叙东北部盗采的石油至伊拉克境内。
叙通社援引当地消息人士的话报道说,美军当天通过65辆油罐车组成的车队,将在叙盗采的石油转运至伊拉克境内的美军基地。报道说,近期美军转运盗采石油至伊拉克境内的油罐车数量已达398辆。
目前,叙东北部多地由“叙利亚民主军”掌控,“叙利亚民主军”主要由叙库尔德武装“人民保护部队”领导,得到美国主导的打击极端组织“伊斯兰国”国际联盟支持。近年来,叙政府多次指控美军在叙东北部盗采并转运石油。(完)