Africa & Middle East
ဆီးရီးယား နိုင်ငံ အစိုးရ မြို့တော် ကို ပစ်မှတ်ထား တိုက်ခိုက်လာသည့် ဒုံးကျည်များအား ကာကွယ်ရေး စနစ်ဖြင့် တားဆီး
ဒမတ်စကက်စ် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၂၉ ရက် ညပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ လေကြောင်းကာကွယ်ရေး စနစ် က မြို့တော် ဒမတ်စကက်စ် တောင်ပိုင်း ဝေဟင် တွင် တိုက်ခိုက်လာသည့် ဒုံးကျည်များအား အောင်မြင်စွာ တားဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။
ဆီးရီးယား နိုင်ငံ ဒေသစံတော်ချိန် ည ၉ နာရီ ၄၀ မိနစ် အချိန်ခန့် တွင် ဒမတ်စကက်စ် မြို့ ရှိ ပြည်သူလူထု တို့က ပေါက်ကွဲသံများ ဆက်တိုက် ကြားခဲ့ရပြီးနောက်တွင် ဆီးရီးယား နိုင်ငံပိုင် ရုပ်သံဌာန မှ မြို့တော် ကို တိုက်ခိုက်လာသည့် ဒုံးကျည်များအား တားဆီး နိုင်ခဲ့ပြီး တိုက်ခိုက်မှု ဆောင်ရွက်လာသော နေရာများအား တုံ့ပြန်တိုက်ခိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
ဗြိတိန် နိုင်ငံ လန်ဒန်မြို့ တွင် ဌာနချုပ် ထားရှိသည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့အစည်း က အစ္စရေး နိုင်ငံ အနေဖြင့် နိုဝင်ဘာ ၂၉ ရက် ညပိုင်း အချိန် တွင် ဒမတ်စကက်စ် မြို့ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်း ရှိ ဒေသများသို့ ဒုံးကျည်ဖြင့် ဆက်တိုက် တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
ယခုနှစ်အတွင်း အစ္စရေး နိုင်ငံ က ဆီးရီးယား နိုင်ငံ အတွင်းရှိ အီရန် စစ်စခန်းများအကို တိုက်ခိုက်မှု များစွာ ဆောင်ရွက်ခဲ့ပြီး ယခု အကြိမ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွား သည့် ဒေသ သည်လည်း မေလပိုင်း ၌ အစ္စရေး နိုင်ငံ က တိုက်ခိုက်ခဲ့သည့် ဒေသ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)