Connect with us

Africa & Middle East

ဆော်ဒီဂျက်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်ဝန်ထမ်း သေဆုံး

ဆော်ဒီ တော်ဝင်လေတပ်ပိုင် Hawk တိုက်ဂျက်လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။

ဆော်ဒီတော်ဝင်လေတပ် ဂျက်လေယာဉ်တစ်စင်းက အောက်တိုဘာလ ၁၅ ရက် မွန်းတည့်ချိန်၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ဆော်ဒီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုလိုဂျက်လေယာဉ်ပျက်ကျမှုသည် မကြာသေးမီလများအတွင်း ဒုတိယအကြိမ် ပျက်ကျခြင်းဖြစ်သည်။

ဇူလိုင်လက ယီမင်နိုင်ငံ စစ်ပွဲတွင် ပါဝင်ခဲ့သည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့မှ Tornado တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်ရေးမစ်ရှင်တစ်ခုမှအပြန်တွင် နည်းပညာချို့ယွင်းမှုကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်စဉ်တွင် လေယာဉ်မှူးမှာ ထိခိုက်မှုမရှိဘဲ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.