Africa & Middle East
ဆော်ဒီသည် ဂျက်ဒါးမြို့ရှိ ဗလီကျောင်း ၄ ခု အတွင်းသို့ မွတ်စလင် မဟုတ်သူများကိုလည်း ဝင်ခွင့်ပေးခဲ့
ရီယာ့ဒ်၊ မေ ၃၁ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျ နိုင်ငံသည် ဂျက်ဒါးမြို့ရှိ ဗလီကျောင်း ၄ ခု အတွင်းသို့ မွတ်စလင် မဟုတ်သူများအား ဝင်ရောက် ခွင့်ပေးခဲ့ကြောင်း Al Arabia သတင်းဋ္ဌာနက မေလ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မွတ်စလင် မဟုတ်သူများအနေဖြင့် အစ္စလာမ်တို့၏ ယဉ်ကျေးမှုများကို လေ့လာ ကျွမ်းဝင်ခွင့် ရရှိစေရန် ရည်ရွယ်ကြောင်း Al Arabia သတင်းဋ္ဌာန ပြောသည်။
သို့သော် ဆော်ဒီအာရေဗျ နိုင်ငံသည် ကမ္ဘာအနှံ့မှ မွတ်စလင်များက မြင့်မြတ်သော နေရာအဖြစ် သတ်မှတ် ထားသည့် မက္ကာမြို့သို့ မွတ်စလင် မဟုတ်သူများ ဝင်ရောက်ခြင်းကိုမူ ပိတ်ပင်ထားကြောင်း သိရသည်။
အစ္စလာမ်ဘာသာဝင် နိုင်ငံများစွာသည် ၎င်းတို့ရှိ ဗလီကျောင်းများ အတွင်းသို့ ဘာသာခြားများ ဝင်ရောက် လေ့လာခြင်းကို ခွင့်ပြုပေးပြီး ခရီးသွား ဆွဲဆောင်မှု အနေဖြင့် နှစ်များစွာကတည်းက ပြုလုပ်ခဲ့ကြသော်လည်း ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ယခုမှသာ ဗလီကျောင်းများ အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်မှုသည် ဘာသာရေး အစွန်းရောက်မှု တိုက်ဖျက်ခြင်းနှင့် ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ် ဘာသာဝင်တို့၏ ရပ်တည်မှုပုံရိပ် ပိုမို ကောင်းမွန်လာစေရန် ဆော်ဒီအာရေဗျ နိုင်ငံ၏ အားထုတ်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)