Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံတွင် လမ်းစစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရသောကြောင့် လူ ၄ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

ပါကစ္စတန် အရှေ့ပိုင်းPunjabပြည်နယ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ )

ရီယာ့ဒ်၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

အကြမ်းဖက်သမားများက ဆော်ဒီလမ်းစစ်ဆေးရေးဂိတ်တစ်ခုကို ဇူလိုင်လ ၈ ရက်က တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၈ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်က မြို့တော်ရီယာ့ဒ် မြောက်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးရဲများကလည်း ချက်ချင်း တုံ့ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ၊ အကြမ်းဖက်သမား ၂ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ပြီး ၁ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အပြန်အလှန်ပစ်ခတ်မှု ကြောင့် လုံခြုံရေးရဲဝန်ထမ်း ၁ ဦးနှင့် အလုပ်သမား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.