Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် ဆီနီဂေါနိုင်ငံ မျှော်လင့်

ဆီနီဂေါနိုင်ငံ သမ္မတ မက်ကီဆောလ် (ဝဲ) နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်ရိတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဆီနီဂေါနိုင်ငံအကြား တက်ကြွပြီး လက်တွေ့ရှိသော ဆက်ဆံရေးများက အခြားနိုင်ငံများအတွက် ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်စုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဆီနီဂေါ သမ္မတ မက်ကီဆောလ် (Macky Sall) က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားလိုက်သည်။

၎င်းသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံ၏ Chang’e-4 လကမ္ဘာသွားယာဉ်သည် လကမ္ဘာ၏ အဝေးဆုံးဘက်ခြမ်းပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဲ့သို့သော နယ်ပယ်များတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆောလ်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ပေကျင်း ထိပ်သီးအစည်းအဝေးအား အောင်မြင်စွာ ကျင်းပခဲ့ခြင်းက တရုတ်-အာဖရိက ဆက်ဆံရေး တိုးတက်စေရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အမြော်အမြင်ကို ပြသခြင်းဖြစ်ကြောင်း ဆီနီဂေါ သမ္မတက ပြောခဲ့သည်။

ထို့ပြင် အာဖရိက ပြည်သူများ၏ နှလုံးသားဝယ် မည်သူက မိတ်ဆွေအစစ်အမှန်လဲဆိုသည်ကို သိကြကြောင်း၊ အာဖရိကနှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန် ရိုသေလေးစားမှု၊ အပြန်အလှန် အကျိုးကျေးဇူးရှိမှု၊ နှစ်ဦးနှစ်ဘက် အကျိူးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုရှိသော ဆက်ဆံရေးတစ်ခုကို ဝေမျှလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်က ဆီနီဂေါနိုင်ငံသို့ အောင်မြင်စွာနှင့် သမိုင်းဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား ခိုင်မာသည့် တွန်းအားဖြည့်တင်းခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကပြောကြားခဲ့သည်။တရုတ်နိုင်ငံနှင့် ဆီနီဂေါနိုင်ငံအကြား ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်က နယ်ပယ်စုံတွင် နှစ်နိုင်ငံ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အုတ်မြစ် တောင့်တင်းစေကြောင်း ဝမ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.