Connect with us

Africa & Middle East

တူရကီတွင် အရေးပေါ်ကာလ သုံးလ ထပ်တိုး

တူရကီနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နူမန်ကာတူလ်မတ်စ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၏ အရေးပေါ်ကာလကို နောက်ထပ် သက်တမ်း သုံးလ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဒုတိယ ဝန်ကြီးချုပ် နူမန်ကာတူလ်မတ်စ်က ဧပြီလ ၁၇ ရက် ညပိုင်းက ပြောကြားလိုက်သည်။

အရေးပေါ် သက်တမ်းကာလကို လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ဧပြီလ ၁၉ ရက်မှစ၍ နောက်ထပ် သုံးလ သက်တမ်း ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း သမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ကာတူလ်မတ်စ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်က မအောင်မြင်သည့် စစ်တပ် အာဏာသိမ်းမှုလုပ်ခဲ့သည်ဟု အစိုးရက စွပ်စွဲခံထားရသော ဖာသူလာ အကြမ်းဖက် အဖွဲ့အစည်း (FETO) ၏ အကြမ်းဖက် ခြိမ်းခြောက်မှုများအား ကာကွယ်ရန်အတွက် ယခုလို အရေးပေါ် ကာလ သက်တမ်းတိုးရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

တူရကီနိုင်ငံတွင် စစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင် ဖြစ်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် နိုင်ငံအား အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထို့နောက် ကိုးလဆက်တိုက် အရေးပေါ် အခြေအနေအဖြစ် ဆက်လက် ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

အရေးပေါ် ဥပဒေအရ အစိုးရက လွှတ်တော်ကို ကျော်ကာ ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းနှင့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း စသည်တို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.