Connect with us

Africa & Middle East

ဖိလစ်ပိုင် လျှိုမြောင်နက်အတွင်း ဘတ်စ်ကား ပြုတ်ကျ လူ ၂၄ ဦး သေဆုံး

လျှိုမြောင်အတွင်း ပြုတ်ကျသွားခဲ့သည့် ဘတ်စ်ကား တစ်စီးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ နက်ရှိုင်းလှသော လျှိုမြောင် တစ်ခုအတွင်းသို့ ဧပြီလ ၁၈ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီး ပြုတ်ကျခဲ့ရ အနည်းဆုံး လူ ၂၄ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံ မီဒီယာ သတင်းများအရ သိရသည်။

ခရီးသည် ၅၀ ဦး တင်ဆောင်လာသော ဘတ်စ်ကား တစ်စီးသည် ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီ ဝန်းကျင်က မနီလာမြို့ မြောက်ပိုင်း Nueva Ecjia ပြည်နယ် Carranglan မြို့ရှိ ကက်ပင်တလန်ကျေးရွာတွင် လျှိုမြောင်အတွင်း ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

Ilocos Su ပြည်နယ်သို့ ဦးတည်သွားနေသည့် အဆိုပါ ဘတ်စ်ကားမှာ အနက် ပေ ၉၀ ခန့်ရှိသော လျှိုမြောင်အတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဘတ်စ်ကားမှာ အရှိန်မထိန်းနိုင်သဖြင့် ယခုလို ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရဲတပ်ဖဲွဲ့က ပြောသည်။

ခရီးသည် အချို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး Nueva Vizcaya ပြည်နယ် ဘမ်ဘန်းမြို့ရှိ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းနှင့် အချို့မှာ ကုသနေစဉ်တွင် သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

အဆိုပါ နေရာသည် မတော်တဆမှု ဖြစ်ပွားလေ့ရှိသည့် နေရာ တစ်ခုဖြစ်ပြီး မနှစ်က အဓိက အဝေးပြေးလမ်းမကြီး တစ်နေရာရှိ လျှိုမြောင် တစ်ခုအတွင်း ဘတ်စ်ကား တစ်စီး ပြုတ်ကျမှုကြောင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.