Connect with us

Africa & Middle East

ထရီပိုလီမြို့ တိုက်ပွဲများ၌ သေဆုံးသူဦးရေ ၁၄၇ ဦးအထိရှိ

ထရီပိုလီမြို့အတွင်း ကင်းလှည့်နေကြသောလစ်ဗျားအစိုးရတပ်ဖွဲ့ဝင်များ ကို တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီတီး၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် မြို့တော်ထရီပိုလီ အတွင်းနှင့်အနီးပတ်ဝန်းကျင်၌ဖြစ်ပွားလျက်ရှိသော ကုလသမဂ္ဂ ထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များနှင့် နိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့များအကြားတိုက်ပွဲများ ကြောင့် သေဆုံးသူဦးရေမှာ ၁၈၉ ဦးနှင့် ဒဏ်ရာရသူ ၈၁၆ ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဧပြီလ ၁၇ ရက်ကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထရီပိုလီမြို့တိုက်ပွဲများ၌ သေဆုံးသူဦးရေမှာ ၁၈၉ ဦးနှင့် ဒဏ်ရာရသူ ၈၁၆ ဦးရှိပြီဖြစ်ကြောင်း၊ ထို့ပြင် လူ ၁၈,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့များက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများ၏စခန်း မျာသို့ ရွှေ့ပြောင်းဆေးကုသရေးအဖွဲ့များစေလွှတ်ကာ ကျန်းမာရေးမကောင်းသူများကိုဆေးကုသပေး လျက်ရှိကြောင်းလည်းကြေညာချက်တွင်ဖေါ်ပြခဲ့သည်။

လစ်ဗျား၌ ခါလီဖာ ဟတ်ဖ်တာ(Khalifa Haftar) ခေါင်းဆောင်သောနိုင်ငံအရှေ့ပိုင်းကြီးစိုးသည့်တပ်ဖွဲ့ များက ကုလသမဂ္ဂထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များ အခြေစိုက်ရာ ထရီပိုလီမြို့ကိုဧပြီလဆန်း မှစ၍တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လစ်ဗျားတွင် ခေါင်းဆောင်ဟောင်းဖြစ်သူ မူအမ်မာ ကဒတ်ဖီး ၂၀၁၁ ခုနှစ်တွင် ကျဆုံးပြီးနောက်နိုင်ငံ ၏ ဒီမိုကရေစ ီအသွင်ကူးပြောင်းရေးကြိုးပမ်းမှုမှာ မလုံခြုံမှုများနှင့် နိုင်ငံရေးအခြေအနေ မတည်မငြိမ် ဖရိုဖရဲဖြစ်မှုများ ဖြင့်ရင်ဆိုင်နေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.