Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား လူ ၁၈ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ ယာဉ်မတော်တဆမှုတစ်ခုတွင် ကူညီကယ်ဆယ်ရေးများ ပြုလုပ်နေစဉ် (ဓာတ်ပုံ - အင်တာနက်)

အဘူဂျာ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Nassarawa ပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဆိုးဝါးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ ကုန်းလမ်းစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အချင်းဖြစ်မော်တော်ယာဉ်သည် တစ်ဖက်ယာဉ်ကြောတွင်မောင်းနှင်လာသည့် ထရပ်ကားနှင့် တိုက်မိခြင်း ဖြစ်ပြီး လူ ၁၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Nassarawa ပြည်နယ် ကုန်းလမ်းစီမံခန့်ခွဲမှု ဌာန ပြောရေးဆိုခွင့်ရှိသူ Kuguက မီဒီယာများကို ပြောကြားခဲ့သည်။ ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ဒဏ်ရာရသူ ၁၁ ဦးအနက် ၅ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် စက်တင်ဘာ ၁၆ ရက် ညပိုင်း တွင် သေဆုံးခဲ့ကြောင်းနှင့် ကျန် ၆ ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

လမ်းအခြေအနေဆိုးဝါးမှု၊ ဝန်ပိုတင်ဆောင်မှုနှင့် အရှိန်လွန်မောင်းနှင်မှုများကြောင့် နိုင်ဂျီးရီးယားတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ ယခုလ ၉ ရက်ကလည်း Nassarawaပြည်နယ်တွင် ဆိုးဝါးသည့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)