Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ရွေးကောက်ပွဲ မဲဆွယ်ရေး၌ ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီးမှုများရှိ

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အာရှတ်ဖ်ဂါနီ (လယ်) အား မဲဆွယ်စည်းရုံးရေးတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါဝန်ပြည်နယ်၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတစ်ခုအတွင်း ပေါက်ကွဲမှု တစ်ခု စက်တင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့သည်။

“ပေါက်ကွဲမှုက လက်ပစ်ဗုံးကို မော်တော်ဆိုင်ကယ်မှာ တွဲချည်ထားပြီး အစည်းအဝေးပြုလုပ်နေတဲ့ အဆောက်အအုံအပြင်ဘက်မှာ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်” ဟု ပြည်နယ် ရဲတပ်ဖွဲ့ဝင် မိုဟာမက် ဆာလင်မ် နိုရီ (Mohammad Salim Noori) က ဆင်ဟွာသို့ ပြောခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ထပ် အသေးစိတ်အကြောင်းအရာများအား နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

“လက်ရှိသမ္မတ အာရှတ်ဖ်ဂါနီ (Ashraf Ghani) ရဲ့ မဲဆွယ်စည်းရုံးရေးရုံးမှာ လူစုဝေးနေကြတာပါ။ ကျွန်တော်တို့ အသေးစိတ်တွေ မရရှိသေးပါဘူး။ အချက်အလက်တွေ ထပ်ရအောင် ကြိုးစားသွားမှာပါ” ဟု လုံခြုံရေး သတင်းရင်းမြစ်တစ်ရပ်က ပြောခဲ့သည်။

“ပြည်နယ်မြို့တော် ချာရီကာမှာ ရွေးကောက်ပွဲမဲဆွယ်မှုပြုလုပ်နေတဲ့ အဆောက်အအုံအပြင်ဘက်မှာ ပေါက်ကွဲမှု ဖြစ်ပြီးနောက် သမ္မတ ဂါနီနဲ့ သူ့ရဲ့ရွေးကောက်ပွဲလက်တွဲဖက် အမ်ရူလာ ဆာလာ (Amrullah Saleh) တို့ ဘေးကင်းကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ခွင့်တားမြစ်ထားကြောင်းနှင့် ယင်းတိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့ကမျှ တာဝန်ယူပြောကြားထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.