Africa & Middle East
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွား လူပေါင်း အနည်းဆုံး ၃၄ ဦး သေဆုံး
အာပူဂျာ ၊ မေ ၂ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Adamawa ပြည်နယ် Mubi မြို့တွင် မေလ ၁ ရက် နေ့၌ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွား ခဲ့ရာ လူပေါင်း အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Adamawa ပြည်နယ် ရဲတပ်ဖွဲ့ ဌာနမှူး က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သော်လည်း Mubi မြို့ အထွေထွေ ဆေးရုံ မှ အမည်မဖော်လိုသူ တစ်ဦး က ဗုံးခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ ဆေးရုံ တွင် အလောင်း ၃၄ လောင်း ကို လက်ခံထားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အသေခံဗုံးခွဲ တိုက်ခိုက်မှု ၂ ခုလုံးအား အမျိုးသား တို့မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တစ်ခု မှာ ဗလီ အတွင်း ၌ ဖြစ်ကာ ကျန်တစ်ခု မှာ ဗလီ ပြင်ပ မီတာ ၂၀ အကွာအဝေး တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း မှ ဆောင်ရွက်ခဲ့ကြောင်း ကြေညာ ခဲ့ခြင်းမရှိသော်လည်း ဒေသတွင်း အစိုးရ က Boko Haram အစွန်းရောက် အဖွဲ့အစည်း မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောကြား ခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် Mubi မြို့ ရှိ ဗလီကျောင်း တစ်ခု တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)