Connect with us

Africa & Middle East

သက်တမ်းရှည်ကြာလှသည့် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း တရုတ် ဒုတိယ ဝန်ကြီးချုပ် ပြောကြား

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျူယန်တုံ (ဝဲ) နှင့် တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Maite Nkoana-Mashabane (ယာ) တို့အား ဧပြီလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပရီတိုးရီးယား၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တောင်အာဖရိသို့ အလည်အပတ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျုယန်တုံ (Liu Yandong) က တရုတ်နှင့် တောင်အာဖရိက သက်တမ်းရှည်ကြာလှပြီဖြစ်သော ပြည်သူများ၏ စဉ်ဆက်မပြတ် ခိုင်မာသော ချစ်ကြည်ရင်းနှှီးမှုအတွက် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ဧပြီလ ၂၅ ရက်က ပြောကြားခဲ့သည်။

အတွေးအမြင်ဆိုင်ရာ တရုတ်-တောင်အာဖရိက အဆင့်မြင့် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား၌ လွန်ခဲ့သည့် လေးနှစ်က အာဖရိကသို့ တရုတ် သမ္မတ ရှီကျင့်ဖိန် လာရောက်ခဲ့စဉ်က အကြောင်းအား ပြန်ပြောင်း အမှတ်ရကာ လျူက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ရှီက တရုတ်နှင့် အာဖရိကတို့သည် အမြဲတစေ အနာဂတ်မျှဝေရေး အသိုက်အဝန်း တစ်ခု ရှိကြောင်း၊ အလားသဏ္ဍာန်တူသော သမိုင်းကြောင်း အတွေ့အကြုံများ၊ ဘုံ ဖွံ့ဖြိုးမှု လုပ်ငန်းတာဝန်များနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများ မျှဝေခြင်း စသဖြင့် နှစ်ဘက် အတူတကွ လုပ်ဆောင်ခဲ့ကြောင်း လျူက ပြောကြားခဲ့သည်။

တရုတ်နှင့် တောင်အာဖရိကတို့သည့် နယ်မြေ အနေအထားအရ ဝေးကွာသော်လည်းပဲ နှစ်နိုင်ငံ ပြည်သူများအကြား ကာလရှည် ချစ်ကြည်ရင်းနှီးမှု ရှိခဲ့သလို လက်ရှိအချိန်ထိ ဆက်ဆံရေး ခိုင်မာနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တောင်အာဖရိကနှင့် အာဖရိကန် ပြည်သူများ၏ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးကို တရုတ် ပြည်သူများက အခိုင်အမာ ထောက်ခံခဲ့ကြောင်း လျူက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ ဒုတိယ သမ္မတသည် ပရီတိုးရီးယားမြို့ရှိ Steve Biko Academic ဆေးရုံသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ Steve Biko Academic ဆေးရုံကို တောင်အာဖရိက အမျိုးသား သူရဲကောင်း Steve Biko ၏ အမည်အား အစွဲပြုကာ ၁၈၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တောင်အာဖရိတွင် ဆေးဘက်ဆိုင်ရာ အပြည့်စုံဆုံးနှင့် ပညာရှင်ဆန်သည့် တစ်ခုတည်းသော ဆေးရုံ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.