Connect with us

Africa & Middle East

သက်တမ်းလွန်နေထိုင်သည့် ဘုရားဖူးများအား ဆော်ဒီအာရေဗျ အရေးယူ

မက္ကာသို့ လာရောက်သည့် ဘုရားဖူးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီဟတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံတွင် ဟာချ် ဗီဇာကိုင်ဆောင်ထားပြီး သက်တမ်းလွန် နေထိုင်သည့် နိုင်ငံခြားသား ဘုရားဖူးများအား စတင် အရေးယူနေပြီဖြစ်ကြောင်း ဒေသခံ သတင်းစာ Okaz က ဖော်ပြထားသည်။

အဖမ်းခံရသူများအနေဖြင့် ဒေါ်လာ ၁၃,၃၂၉ နှင့် တူညီသည့် ဒဏ်ကြေး၊ ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ် ခြောက်လ ကျခံရဖွယ် ရှိကြောင်း သိရသည်။

ထိုသို့ ဗီဇာ သက်တမ်းလွန်နေထိုင်သည့် ဘုရားဖူးများအား ပို့ဆောင်ခြင်း၊ စုဆောင်းခြင်း သို့မဟုတ် ကာကွယ်ပေးထားသူများကိုမူ ဒေါ်လာ ၂၆,၆၆၂ နှင့်အထက် ဒဏ်ကြေးနှင့် ထောင်ဒဏ် ခြောက်လ ကျခံရမည် ဖြစ်သည်။

ဘုရားဖူး ဗီဇာ သို့မဟုတ် ဟာ့ချ် ဗီဇာ (Hajj Visa) သည် သက်တမ်း ထပ်တိုး၍ မရကြောင်းနှင့် ယင်းဗီဇာဖြင့် အလုပ်လုပ်ခွင့်၊ မက္ကာ ပြင်ပသို့ သွားရောက်ခွင့် မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဘုရားဖူး ရာသီတွင် ဘုရားဖူး ၁.၈ သန်း ဝန်းကျင် လာရောက်ခဲ့ကြောင်း ဆော်ဒီ တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အများစုသည် နိုင်ငံခြားသားများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.