Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော်တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ရာ အနည်းဆုံး ၄ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ယခင်ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်ရှိ Massoud ရင်ပြင် အနီးတွင် အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်တွင် ဗုံးခွဲတိုက်ခိုက်သူ အပါအဝင် အနည်းဆုံး ၄ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အများပြည်သူ ကျန်းမာရေး ဌာန က မေလ ၃ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

မျက်မြင်တွေ့ရှိသူ တစ်ဦးက ဆင်ဟွာသတင်းဌာသို့ ပြောကြားရာတွင် ဗုံးခွဲတိုက်ခိုက်မှု သည် ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသည် အမေရိကန် သံရုံး အနီးတွင် ဖြစ်ကြောင်း ၊ ဗုံးခွဲတိုက်ခိုက်သူသည် Massoud ရင်ပြင် ကို ဖြတ်သန်းသွားသည့် နေတို တပ်ဖွဲ့ဝင် များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း မှ ယင်းဗုံးခွဲတိုက်ခိုက်မှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ မှ အခင်းဖြစ်ပွားရာ နေရာကို ပိတ်ဆို့ကာ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရှိရသည်။

လက်တလော ကာလ အာဖဂန်နစ္စတန် နိုင်ငံ ၏ လုံခြုံရေး အခြေအနေ သည် စိုးရိမ်ဖွယ်ရှိနေပြီး တာလီဘန် အဖွဲ့အစည်း က ပြီးခဲ့သည့်လ ၂၈ ရက်နေ့က နွေဦးတိုက်ခိုက်မှု အသစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ကို ကြေညာ ခဲ့သည်။ကြေညာချက်တွင် အစိုးရရုံးများ ၊ နိုင်ငံခြား မှ အခြေစိုက် စစ်စခန်းများ ၊ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ နှင့် သတင်းအချက်အလက် ဆိုင်ရာ အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်မည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.