Connect with us

Africa & Middle East

ဆီးရီးယားဒုက္ခသည်စခန်းကို IS စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံး

ဆီးရီးယားနိုင်ငံ ရှိ ဒုက္ခသည် စခန်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကက်စ်၊ မေ ၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Hasakah ပြည်နယ် ရှိ ဒုက္ခသည်စခန်း တစ်ခု အား မေ ၂ ရက် က IS စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၃ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစိုးရလိုလားသည့် Sham FM ရေဒီယိုက ထုတ်လွှင့်ခဲ့သည်။

IS စစ်သွေးကြွများသည် Hasakah ပြည်နယ် အစွန်အဖျား ရှိ Rajem Salibi ဧရိယာ အတွင်း အိမ်ခြေမဲ့ ဆီးရီးယားလူမျိုးများ နှင့် အီရတ်အနွယ်ဝင်များ နေထိုင်ရာ ဒုက္ခသည်စခန်းများအနက် တစ်ခုအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ပါရှိသည်။

ဒုက္ခသည်စခန်း အတွင်းရှိ အီရတ်လူမျိုး ၁၀ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား Hasakah ပြည်နယ်အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြည်နယ်အတွင်းရှိ ဆေးကုသမှု သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။

IS စစ်သွေးကြွများ သည် လက်စားချေသည့်အနေဖြင့် မိသားစုဝင်များစွာအား Hasakah ပြည်နယ် တောင်ပိုင်းအစွန်းရှိ Markadeh မြို့သို့ လည်းကောင်း၊ ၎င်းတို့အုပ်စိုးရာ Deir al-Zour ပြည်နယ် Bukamal မြို့သို့ လည်းကောင်း ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခြင်းမရှိသေးသော်လည်း ကာ့ဒ်တပ်ဖွဲ့ဝင်များ ဦးဆောင်သည့် ဆီးရီးယားလွတ်မြောက်ရေးတပ်မတော် (SDF) က ဆီးရီးယားနိုင်ငံမြောက်ပိုင်း Tabqa မြို့ရှိ IS တို့၏ မြို့တစ်မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ယင်းကဲ့သို့ တိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စု က ဒုက္ခသည်စခန်းအတွင်းရှိ လူအချို့သည် ကာ့ဒ်တပ်ဖွဲ့ဝင်များ ဦးဆောင်သော အုပ်စုကို ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့ပြီးနောက် ဒုက္ခသည်စခန်းအား IS တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.