Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ မြို့တော်တွင် အစိုးရရုံး အဆောက်အအုံအနီး ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အလယ်ပိုင်းရှိ Serena ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အလယ်ပိုင်းရှိ အစိုးရရုံး အဆောက်အအုံနှင့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် ဧပြီလ ၂၀ ရက်က ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

“ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနနဲ့ Serena ဟိုတယ် အပြင်ဘက်မှာ ဒေသစံတော်ချိန် နံနက် ၁၁း၃၅ နာရီခန့် သေနတ်ပစ်ခတ်သံတွေကြားရပြီးနောက် ပေါက်ကွဲသံကြီးတွေ ကြားလိုက်ရတယ်။ အဲဒီနေရာတစ်ခုလုံးကို လုံခြုံရေးစည်းတားထားလိုက်ပြီ” ဟု မျက်မြင်သက်သေ နာဂျစ် ရက်စ်တမ်မီ (Najib Rustami) က ဆင်ဟွာသို့ ပြောခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် အဆိုပါနေရာအား ပိတ်ထားလိုက်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ လူအများအကြား ကြောက်လန့်ဖွယ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃ ဦးခန့်ရှိနိုင်ကြောင်း မျက်မြင်သက်သေက ဆိုသည်။

အခင်းဖြစ်ရာနေရာသို့ မီဒီယာနှင့် ပြည်သူများ ဝင်ရောက်ခွင့်မပြုထားကြောင်းနှင့် ယင်းနေရာ၌ ဖြစ်ပျက်နေသည့်အကြောင်းအရာအား မည်သူမျှ အတိအကျမသိရကြောင်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.