Connect with us

Africa & Middle East

တိုက်ခိုက်မှုများကြောင့် လစ်ဗျားမြို့တော် ထရီပိုလီ၌ သေဆုံးသူ ၂၂ဝ ဦးထိ ရှိနေပြီဖြစ်ကြောင်း WHO ပြော

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ ၌ ၂ဝ၁၉ ခုနှစ် ဧပြီ ၁၇ ရက်က ဖြစ်ပွားသော ကားဗုံးခွဲတိုက်ခိုက်မှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော လစ်ဗျားအစိုးရတပ်ဖွဲ့ နှင့် နိုင်ငံအရှေ့ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ထရီပိုလီမြို့တော်အတွင်း နှင့် အနီးအနားတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယခုအခါ အရပ်သားသေဆုံးသူဦးရေစုစုပေါင်း ၂၂ဝ ဦး နှင့် ဒဏ်ရာရသူ ၁,ဝ၆၆ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဧပြီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

“ ထရီပိုလီမြို့မှာ သေဆုံးသူ ၂၂ဝ ဦး နဲ့ဒဏ်ရာရသူ ၁,ဝ၆၆ ဦးထိ ရှိနေပါပြီ။ လစ်ဗျားက အသတ်ခံနေရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ ၊ အမျိုးသမီးတွေ နဲ့ကလေးငယ်တွေ ပါဝင်ပါတယ်” ဟု WHO တွစ်တာတွင်ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လစ်ဗျားတိုက်ခိုက်မှုတွင် ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် “ အရပ်သားများ ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျန်းမာရေး အကူအညီပေးရေးစီအစဉ်များကို ကာကွယ်ပေးရန် ” တိုက်တွန်းပြောကြားခဲ့သည်။

Khalifa Haftar ဦးဆောင်သော လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့သည် ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားသော လစ်ဗျားအစိုးရသိမ်းပိုက်ထားသည့် ထရီပိုလီမြို့အား ပြန်လည်သိမ်းယူနိုင်ရန် ဧပြီလ အစောပိုင်းကတည်းက စစ်ရေးတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသော်လည်း အခြားလူပေါင်းများစွာမှာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသော နယ်မြေများအတွင်း ပိတ်မိနေကြကြောင်း သိရသည်။

လစ်ဗျားနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က ယခင်နိုင်ငံ့ခေါင်းဆောင် မွတ်မာဂါဒါဖီ ရာထူးမှပြုတ်ကျသွားချိန်ကတည်းက စတင်ကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများအကြားတွင် ပဋိပက္ခများ နှင့် မလုံခြုံမှုများဖြင့် ရုန်းကန်နေရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.