Connect with us

Africa & Middle East

အာဖဂန်မြောက်ပိုင်း ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားရာ စစ်သွေးကြွ ၄၀ဦးသေဆုံး


အာဖဂန်နစ္စတန်၊ မေ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် တွင် လွန်ခဲ့သည့် ၂ရက်ကျော် က တာလီဘန်စစ်သွေးကြွများ နှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်သွေးကြွ ၄၀ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၄၄ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲချုပ် Abdul Hamid Hamidi က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

Hamidi က “အစိုးရတပ်ဖွဲ့ဟာ Kunduz ပြည်နယ်မှာရှိတဲ့ စစ်သွေးကြွတို့ရဲ့ ပုန်းခိုရာနေရာတွေကို လိုက်လံရှင်းလင်းရင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စုစုပေါင်းတာလီဘန် စစ်သွေးကြွ ၄၀ဦး သေဆုံးခဲ့ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဖဂန် တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန် တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

တာဝန်ရှိသူများက တိုက်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဝင် ၄ဦးကျဆုံးခဲ့ပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Kunduz ပြည်နယ် Qala-e-Zal ခရိုင်သို့ မေ ၆ ရက်တွင် ဆုတ်ခွာသွားသည့် တာလီဘန်စစ်သွေးကြွများဘက် မှ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.