Connect with us

Africa & Middle East

နိုင်ဂျီးရီးယားထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန် ဒေါ်လာ ၅ သန်း တရုတ် ထောက်ပံ့

နိုင်ဂျီးရီးယားရှိ ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မိုင်ဒူဂူရီ၊ မေ ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်တွင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၅ သန်းကို တရုတ်နိုင်ငံက မေလ ၈ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ထည့်ဝင်သည့် ငွေကြေးဖြင့် နိုင်ငံ အရှေ့မြောက်ပိုင်း Borno နှင့် Yobe ပြည်နယ်များရှိ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူ (IDPs)နှင့် ပြန်လာသူ ၄၁၀,၀၀၀ ဦးအား ထောက်ပံ့ရန် ဆန် မတ်ထရစ်တန် ၄,၃၀၅ ဝယ်ယူရာတွင် ပေးချေရာတွင် သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။

ယင်းဒေသအတွင်း စားနပ်ရိက္ခာ ရှားပါးမှုကြောင့် အမျိုးသား ၁၈၄,၅၀၀ နှင့် အမျိုးသမီး ၂၂၅,၅၀၀ ဦး အပေါ် သက်ရောက်မှု ရှိခဲ့သည်။

Borno ပြည်နယ် မြို့တော် မိုင်ဒူဂူရီအနီးရှိ WFP ဂိုဒေါင်၌ ကျင်းပခဲ့သည့် အလှူငွေ လွှဲပြောင်းခြင်း အခမ်းအနား ၌ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ကျိုးဖိန်ကျန့်က ယခုလို အရေးပေါ် အထောက်အပံ့များက ဒေသတွင်း စာနပ်ရိက္ခာ လုံလောက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဒေသတွင် ဘိုကိုဟာရမ် စစ်သွေးကြွများကြောင့် ၇ နှစ်ကျော်ကြာ ဒုက္ခများခံစားခဲ့ရသလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူများ နေထိုင်ရန် ခက်ခဲခဲ့ကြောင်း တရုတ် သံအမတ်ကြီးက ပြောသည်။

WFP ၏ ဋ္ဌာနေ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ron Sibanda က တရုတ်နိုင်ငံမှ ယခုလို ထောက်ပံ့မှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အနောက် အာဖရိက နိုင်ငံများအတွက် အလွန် အရေးပါသော အချိန်အခါ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.