Africa & Middle East
အီရန်နိုင်ငံမှ ဂတ်စ် အီရတ်သို့ မကြာမီ တင်ပို့နိုင်တော့မည်

ထရန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံမှ သဘာဝဓာတ်ငွေ့ဆိုင်ရာ အရာရှိများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သဘာဝဓာတ်ငွေ့ သဘောတူညီချက် တစ်ရပ် ဆွေးနွေးရန်အတွက် အီရတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း အီရန် ရေနံ စွမ်းအင် သတင်းအချက်အလက် ကွန်ရက် (SHANA) က မေလ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။
ပထမအဆင့်အနေဖြင့် အီရတ်တွင် မကြာမီ စတင်မည့် စွမ်းအင်စက်ရုံသို့ ဂတ်စ်ပေးပို့သွားမည် ဖြစ်ကြောင်း National Iranian Gas Company (NIGC) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဟာမစ် ရေဇာ အာရတ်ကွီက SHANA သို့ ပြောကြားခဲ့သည်။
အီရတ်နိုင်ငံ စွမ်းအင် ဝန်ကြီးဋ္ဌာနကလည်း လေးနှစ်တာ သက်တမ်းအတွက် ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ အီ ရန်မှ ဂတ်စ်များ လက်ခံနိုင်မည် ဖြစ်ကြောင်းနှင့် တစ်နေ့လျှင် ကုဗမီတာ ၂၅ သန်း အီရန်မှ Basra မြို့သို့ တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အီရတ်သို့ သဘာဝဓာတ်ငွေ့တင်ပို့ခြင်း သဘောတူညီချက်အား အီရန်နိုင်ငံက ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ကလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)