Connect with us

Africa & Middle East

တောင်ဆူဒန် လေယာဉ် ပျက်ကျမှု သေဆုံးသူ မရှိကြောင်း တရားဝင် ထုတ်ပြန်

တောင်ဆူဒန်ရှိ Wau လေဆိပ်တွင် မီးလောင်ကျွမ်းနေသည့် လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ဘိုရီ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်း Wau မြို့မှာ မတ်လ ၂၀ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် လေယာဉ် ပျက်ကျမှုတွင် လေယာဉ် ဝန်ထမ်း ၆ ဦး နှင့် ခရီးသည် ၄၃ ဦး အသက်ရှင်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

“ခရီးသည်နဲ့ လေယာဉ် ဝန်ထမ်းတွေ အားလုံး အသက်ရှင်ခဲ့ပါတယ်၊ ဒဏ်ရာရရသူ ၃၇ ဦး ဆေးရုံ ရောက်လာခဲ့ပြီး ကုသမှု ခံယူခဲ့တယ်၊ အဲဒီအထဲက လူ ၃၁ ဦးမှာမူ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျန် ၆ ဦးမှာ ဆေးရုံတွင် ကျန်ရှိနေသေးပေမဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်” ဟု Wau ပြည်နယ် ပြန်ကြားရေး ဝန်ကြီး Nona Guadenesio က ပြောသည်။

အဆိုပါ လေယာဉ်မှာ မြေပြင်သို့ ဆင်းသက်စဉ် မြင်ကွင်း မရှင်းလင်းမှုကြောင့် မီးသတ်ကားနှင့် တိုက်မိကာ ပျက်ကျရခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု ပိုပေးရန်အတွက် မြို့တော် ဂျာဘာသို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံပိုင် ရေဒီယိုမှတစ်ဆင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူ Ateny Wek Ateny က ကြေညာခဲ့သည်။

ထို ခရီးသည်တင် လေယာဉ်သည် မတ်လ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၃း၀၀ နာရီဝန်းကျင်က တောင်ဆူဒန်နိုင်ငံ Wau လေဆိပ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်မှာ တောင်ဆူဒန် မြို့တော် ဂျူဘာမှ နိုင်ငံမြောက်ပိုင်း Wau မြို့သို့ ပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံ မီဒီယာများ၏ သတင်း တင်ပြချက်အရ South Supreme Airline ပိုင် လေယာဉ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေဆိပ်သည် Wau ရှိ တရုတ်နိုင်ငံသား ငြိမ်းချမ်းရေးတပ်သားများ ရှိနေသည့် နေရာအနီး ဖြစ်ပြီး မတော်တဆမှု ဖြစ်ပွားပြီးနောက် အခင်း ဖြစ်ရာနေရာသို့ ငြိမ်းချမ်းရေးတပ်သားများ ရောက်ရှိလာကာ ကယ်ဆယ်ရေး လုပ်ငန်း၊ မီးငြှိမ်းသတ်ခြင်း စသည်တို့ ကူညီလုပ်ကိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.