ပါရာမာရီဘို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူရာနမ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ကာ အဆင့်သစ်သို့ တက်လှမ်းရန် ဆန္ဒရှိကြောင်း ဆူရာနမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နို်င်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
တီဟီရန်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံး၀ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။
ထရီပိုလီ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခ များကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် အများစုမှာ အရပ်သားပြည်သူ များ...
ဒါအိစလန် ၊ စက်တင်ဘာ၂၃ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Mwanza ပြည်နယ်တွင် လွန်ခဲ့သည့်ရက် အနည်းငယ် ဖြစ်ပွားခဲ့သည့် ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀၉ ဦး ရောက်ရှိသွားပြီဖြစ်ကြောင်း တန်ဇန်းနီးယားအရာရှိတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အက်ကရာ ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် ဂါနာ ၂ဝ၁၈ ထောင်စုနှစ် မာရသွန်ပြေးပြိုင်ပွဲတွင် အသက် ၁၉ နှစ်အရွယ် အပြေးသမား Ishmael Arthur က အနိုင်ရ ဗိုလ်စွဲ ခဲ့ကြောင်း သိရသည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ သမ္မတ John Magufuli က ဗစ်တိုးရီးယားရေကန်တွင် ဖယ်ရီလှေတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေး ၁၃၁ဦးအထိ မြင့်တက်လာ၍ သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲမှုအထိမ်းအမှတ်အဖြစ် ရက် ၄ရက် သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၂၁ ရက် ကပြောကြားခဲ့သည်။
ဒါအိစလန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တန်ဇန်းနီးယား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Mwanza ပြည်နယ် တွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ...
ဒူဘိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာပေါ်တွင် ဘေးအကင်းဆုံးမြို့အဖြစ် အဘူဒါဘီမြို့အား ဒုတိယမြောက်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Numbeo က ဖော်ပြထားကြောင်း အဘူဒါဘီမြို့တော် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနက စက်တင်ဘာလ ၁၉ ရက်က ဖော်ပြထားသည်။
အက်ဒန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ တောင်ပိုင်း Al Bayda ပြည်နယ်တွင် အစိုးရတပ်က ဟူသီလက်နက်ကိုင် ၁၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယီမင်အစိုးရတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဘရာဇီဗဲလ် ၊ စက်တင်ဘာ၂၀ ရက်(ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။