Connect with us

Africa & Middle East

ယီမင်အစိုးရက STC အသွင်ကူးပြောင်းရေးကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ပြစ်တင် ရှုတ်ချ

ယီမင်နိုင်ငံ အဒန်(Aden)မြို့တွင် ယခင်က တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ရဲဌာနတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ(STC)သည် သြဂုတ် ၁၀ ရက်တွင် ယာယီမြို့တော်အဒန် ( Aden) ရှိ သမ္မတရုံးအား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယီမင်အစိုးရက အချင်းဖြစ်နေ့မှာပင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထားသော ယီမင်နိုင်ငံ၏ တရားဝင်အစိုးရထံမှ အာဏာသိမ်းရန် လုပ်ဆောင်ခဲ့သည့် တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ(STC)အား ပြစ်တင်ရှုံချကြောင်း ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမည်မဖော်လိုသည့် ယီမင် အစိုးရအရာရှိတစ်ဦးက STC လက်နက်ကိုင်အင်အားစုသည် သြဂုတ် ၁၀ ရက်တွင် ယီမင်အစိုးရ၏ အဒန်မြို့ရှိ စစ်အခြေစိုက်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး သမ္မတရုံးကို သိမ်းပိုက်ခဲ့ကြောင်း ဆိုသည်။ ယီမင်ပြည်ထဲရေးဝန်ကြီးအပါအဝင် အစိုးရအဆင့်မြင့်အရာရှိများသည် အဒန်မြို့ မှတစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ (Xinhua)