Connect with us

Africa & Middle East

နိုင်ဂျီးရီယားနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူကူးတံတားတစ်ခု ပြိုကျမှုဖြစ်ပွား ၊ ကျောင်းသား ၄ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့တွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အဘူဂျာ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Bauchiပြည်နယ် ရှိ Abubakar Tafawa Balewa တက္ကသိုလ်တွင် သြဂုတ် ၅ ရက် ညပိုင်းက ရေကြီးရေလျှံမှုကြောင့် လူကူးတံတားတစ်ခု ပြိုကျမှုဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးပြီး လူအချို့ပျောက်ဆုံးနေကြောင်း အချင်းဖြစ်တက္ကသိုလ်၏တာဝန်ခံတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသည့်တံတားမှာ တက္ကသိုလ်ကျောင်းဝန်းအတွင်း ကျောင်းသားအဆောင်ဝန်းနှင့် စာသင်ဆောင်ဝန်းကို ဆက်စပ်ထားသည့် လူကူးတံတားတစ်ခုဖြစ်ကြောင်း၊ သြဂုတ် ၅ ရက် ညပိုင်းက ရုတ်တရတ်ပြိုကျမှုဖြစ်ပွားရာ တံတားပေါ်တွင် သွားလာနေသည့်သူများက တံတားအောက်ရေစီးကြောင်းသို့ ပြုတ်ကျခဲ့သောကြောင့် ကျောင်းသား ၄ဦး ရေနစ်သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ သလို လူအချို့ ပျောက်ဆုံးနေကြောင်း အချင်းဖြစ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Muhammed Abdulazizက သြဂုတ် ၆ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။

သြဂုတ် ၅ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြီး တံတားပြိုကျခြင်းဖြစ်မည်ဟု ကနဦး ခန့်မှန်းရကြောင်း Muhammed Abdulazizက ဆိုသည်။

အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Bauchiပြည်နယ် ရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.