အဘူဂျာ၊ မတ် ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dapchi မြို့ရှိ ကောလိပ်တစ်ခုမှ ပြီးခဲ့သည့်လက ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံထားရသော ကျောင်းသူ ၁၀၄ ဦးကို မတ်လ ၂၁ ရက်တွင် ဘိုကိုဟာရမ် အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဋ္ဌာနဆိုင်ရာဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။
ကဘူးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်အနီး၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ပြီးနောက် လူ ၂၆ ဦးကျော် သေဆုံးခဲ့ပြီး အခြားသူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ရှိ လူစည်ကားသော ဈေးတစ်ခု ၌ မတ် ၂၀ရက်တွင် သူပုန်များက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေသည် ၃၅ဦး အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။
Khost ၊ အာဖဂန်နစ္စတန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် တစ်ဦး သေဆုံးပြီး အခြား ကလေးငယ် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မတ် ၁၈ ရက်တွင်...
ဒိုဟာ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ကာတာနိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သက်သာချောင်ချိရေး နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (UNRWA) ထံ အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ကြောင်း အာဏာပိုင်တစ်ဦးက မတ် ၁၅ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ ဝါရှင်တန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းသည် အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ ၇ ဦးလုံး သေဆုံးသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ တာဝန်ရှိသူများက မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
နိုင်ရိုဘီ ၊ မတ်လ ၁၅ ရက်(ဆင်ဟွာ) ဆိုမာလီယာစစ်တပ်က Kismaayo အနီးတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၇ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း ဆိုမာလီယာစစ်ဘက်က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ယခုလ ၁၀ ရက်ကျော် ကာလအတွင်း ကင်ညာသို့ ထွက်ပြေးတိမ်းရှောင်လာသော အီသီယိုးပီးယား ဒုက္ခသည် ၈၅၉၂ ယောက်ရှိပြီရာ နောက်ထပ် အဆက်မပြတ်ထပ်တိုးလာနိုင်ဖွယ်ရှိသည်ဟု ကင်ညာကြက်ခြေနီအသင်း၏ မတ်လ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
အဘူဂျာ၊ မတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် ရှိ Dundu အသိုင်းအဝိုင်းတွင် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၅ဦးသေဆုံးခဲ့ကြောင်း မတ် ၁၃ရက်က အတည်ပြုပြောကြားခဲ့သည်။
တီဟီရန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တရားရုံး က မတ် ၁၄ရက်တွင် အီရန်နိုင်ငံ ဒုတိယသမ္မတဟောင်း Hamid Baghaei အား ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။