Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အား တိုက်ခိုက်ရန် ယီမင်ရှိ ဟူသီသူပုန်များက ဒရုန်းများလွှတ်တင်

ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်နား၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အား တိုက်ခိုက်ရန် ဒရုန်းများ လွှတ်တင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ ဟူသီသူပုန်များပိုင် Al-Masirah TV က သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဒရုန်းများက လေဆိပ်၏ လောင်စာဆီဌာနနှင့် ထိန်းချုပ်ရေးတာဝါများအား ပစ်မှတ်ထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ယင်းကိစ္စနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်များမှ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိပေ။ဟူသီသူပုန်များက ယီမင်နိုင်ငံ မြောက်ပိုင်း နေရာအတော်များများအား ထိန်းချုပ်ထားပြီး ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များအား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ (Xinhua)