ဒမက်စကက်စ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်များက လွန်ခဲ့သော ၂၄ နာရီအတွင်း ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းDeir ez-Zorပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး ၆၂ ဦး သေဆုံးပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား မီဒီယာများက ဆိုသည်။
ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ မဲရုံများအနီးတွင် အောက်တိုဘာလ ၂၀ ရက်က ပေါက်ကွဲမှု လေးခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
ဒမတ်စကက်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Sweida ပြည်နယ်တွင် ဓားစာခံ ၆ ဦးအား အိုင်အက်စ်က လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က အောက်တိုဘာလ ၂၀ ရက်တွင် သတင်းဖော်ပြလိုက်သည်။
ကဘူးလ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုများစွာ ခံစားခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင် ၉ သန်းခန့်က အောက်တိုဘာလ ၂၀ ရက်တွင် မဲရုံများသို့သွားရောက်ကာ မဲပေးနေကြပြီဖြစ်ရာ လုံခြုံရေး တင်းကြပ်စွာချထားကြောင်း တွေ့ရသည်။
ရီယတ်၊ အော်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ပျောက်ဆုံးနေသော ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးအား ဖမ်းဆီးထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း Saudi Press Agemcy (SPA) က သတင်းဖော်ပြခဲ့သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံသည် လူဦးရေ ၈ သန်းခန့် ငတ်မွတ်ခေါင်းပါးမှု ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိခြင်းနှင့်အတူ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆိုးဝါးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၁၆ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တန်ဇန်းနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း Geita ဒေသ ရှိ မူလတန်းကျောင်း တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် မိုးကြိုးပစ်ခတ်ခဲ့ရာ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ သည် အီရန်နိုင်ငံသားများအတွက် ဗီဇာစနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် အီရန်နိုင်ငံသည် ဆားဘီးယားနိုင်ငံသားအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း Tehran Times သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲတစ်ခုတွင် ပါဝင်သည့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ သည် ယီမင်နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်းမှ လမ်းမိုင်း ၂,၀၂၀ ကျော်ကို ဖယ်ရှားပေးခဲ့သည်ဟု အောက်တိုဘာ ၁၆ရက်က ကြေညာခဲ့ကြောင်း Al AKhbariya ပြည်တွင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။