Connect with us

Africa & Middle East

တရားမဝင် နိုင်ငံ ကူးပြောင်း သည့် စက်လှေ က တူနီးရှား နိုင်ငံ အနီး ပင်လယ်ပြင် တွင် တိမ်းမှောက်ခဲ့ရာ လူပေါင်း ၇၀ ဦး သေဆုံး

အာဖရိက တိုက် မှ တရားမဝင် နိုင်ငံ ကူးပြောင်းသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရားမဝင် နိုင်ငံ ကူးပြောင်းသူ များ တင်ဆောင်လာသည့် စက်လှေ က မေလ ၁၀ ရက် ၌ တူနီးရှား နိုင်ငံ အရှေ့ဘက်ရှိ ပင်လယ်ပြင် တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇၀ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

တူနီးရှား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တရားမဝင် နိုင်ငံကူးပြောင်း သည် စက်လှေ က မေလ ၁၀ ရက် ၌ Sfax ဆိပ်ကမ်း အရှေ့ဘက် ၆၀ ကီလိုမီတာ အကွာတွင် တိမ်းမှောက် ခဲ့ကြောင်း ၊ စက်လှေ တိမ်းမှောက်မှုကြောင့် လူ ၇၀ ဦး သေဆုံး ခဲ့ပြီး ၁၆ ဦး အား ကယ်ဆယ် နိုင်ခဲ့ကြောင်း ၊ တရားမဝင် နိုင်ငံ ကူးပြောင်းသူများ က အာဖရိကတိုက် နိုင်ငံ များ မှ ဖြစ်ကြပြီး ၎င်းတို့က လစ်ဗျား မှ စတင်ထွက်ခွာ ခဲ့ကာ အီတလီ သို့ သွားရောက် ကြရန် စီစဉ် ခဲ့ကြကြောင်း သိရှိရသည်။

စက်လှေတိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး နောက် တွင် အနီးပတ်ဝန်းကျင်ရှိ တူနီးရှား နိုင်ငံ ငါးဖမ်းသင်္ဘော က ကယ်ဆယ်မှု ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူဦးရေ စာရင်းမှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ် တွင် ကဒါဖီ အစိုးရ တွန်းလှန် ခံခဲ့ရပြီးနောက် တွင် လစ်ဗျား နိုင်ငံရေး အခြေအနေ က တည်ငြိမ်မှု မရှိတော့ဘဲ နယ်စပ်ဒေသ များအပေါ် ထိရောက်သည့် ထိန်းချုပ်မှု ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း ၊ အာဖရိကတိုက် မှ တရားမဝင် နိုင်ငံ ကူးပြောင်းသူများ က လစ်ဗျား မှ တစ်ဆင့် မြေထဲပင်လယ် ကို ဖြတ်ကျော်၍ ဥရောပ နိုင်ငံ များသို့ သွားရောက်ရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.