Connect with us

Africa & Middle East

လစ်ဗျားကမ်းခြေစောင့်တပ် က အနောက်ဘက်ကမ်းရိုးတန်းအလွန် တွင် ရွှေ့ပြောင်းသွားလာသူ ၆၁ ဦးအားကယ်တင်နိုင်ခဲ့

လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းသွားလာသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၁ ဦး ကို လစ်ဗျားနိုင်ငံ ၏ အနောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်က မေလ ၁၆ ရက်တွင် ပြောသည်။

၎င်းရွှေ့ပြောင်းသွားလာသူတို့ စီးနင်းလိုက်ပါလာသည့် ရော်ဘာလှေ သည် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့ ကမ်းရိုးတန်း နှင့် မိုင် ၃၀ (၄၈ ကီလိုမီတာ) အကွာ တွင် တိမ်းမှောက်နေသည်ကို တွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ် ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

၎င်းရွှေ့ပြောင်းသွားလာသူတို့ ထရီပိုလီမြို့အရှေ့ဘက်ရှိ ဒုက္ခသည်လက်ခံရေးစင်တာသို့ မခေါ်ဆောင်မီ အချိန်တွင် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းလုပ်သားများအဖွဲ့ (IOM) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များကော်မရှင် တို့က ၎င်းတို့အား လိုအပ်သည်များကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် လစ်ဗျားနိုင်ငံ၌ လူထုအုံကြွမှုဖြစ်ပြီး လစ်ဗျားခေါင်းဆောင်မွမ်မာ ကဒါဖီ ကို ဖြုတ်ချပြီးနောက် ပိုင်းတွင် လစ်ဗျား၌ မလုံခြုံမှုများ နှင့် အဓိကရုဏ်းများဖြစ်ပွားလာသောကြောင့် ထောင်ပေါင်းများစွာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် လစ်ဗျားနိုင်ငံမှ တဆင့် မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပနိုင်ငံများ သို့ သွားရန် အတွက် ထွက်ခွါရာဆုံမှတ် တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117