Connect with us

Africa & Middle East

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ထရပ်ကားတိမ်းမှောက်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၃၇ ဦး ဒဏ်ရာရ

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် ထရပ်ကားတစ်စီးတိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် မေလ ၁၆ ရက်က ထရပ်ကားတစ်စီးတိမ်းမှောက်ပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးကာ အခြားသူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ဗန်ပြည်နယ် တာ့စ်ဘာခရိုင် Van-Ercis အဝေးပြေးလမ်းပေါ်တွင် ထရပ်ကားအား အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ရခြင်းဖြစ်သည်။

ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

စည်းကမ်းနှင့်မကိုက်ညီသည့် ရွှေ့ပြောင်းသွားလာသူများနှင့် ဆက်စပ်မှုရှိသဖြင့် ယာဉ်တိမ်းမှောက်မှုတွင် အသက်ရှင်လွတ်မြောက်သူ ထရပ်ကားမောင်းသူအား ထိန်းသိမ်းထားကြောင်း Hurriyet နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117