Connect with us

Africa & Middle East

ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် စစ်ရေးအရ အီရန် ဘက်စုံပြင်ဆင်ထားပြီဟု ဆို

အီရန်ကာကွယ်ရေးဝန်ကြီးAmir Hatami အား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

တီဟီရန်၊ မေ ၁၆ ရက်(ဆင်ဟွာ)

ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် အီရန်က လက်နက်အင်အားဘက်စုံပြင်ဆင်ထားပြီဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အီရန်သည် လက်ရှိတွင် စစ်ရေးအရ ကာကွယ်ရေးစွမ်းရည် အမြင့်ဆုံးတွင်ရှိပြီး အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက် တီဟီရန်တွင်ကျင်းပသော အငြိမ်းစားစစ်မှုထမ်းများစုံညီပွဲတွင် အမှာစကားပြောကြားစဉ် ပြောကြားခဲ့ကြောင်း Tasnim သတင်းအေဂျင်စီ၏သတင်းများအရ သိရသည်။

အမေရိကန်၏ဘက်စုံပိတ်ဆို့မှုကို ခံနေရသော်လည်း အီရန်က အခက်ခဲဆုံးအခြေအနေတွင်ပင် စစ်ရေးကဏ္ဍ၌ ကြီးမားသည့်အောင်မြင်မှုများ ရရှိဆဲဖြစ်ကြောင်း Amir Hatamiက ဆိုသည်။ နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ရန် အီရန်အနေဖြင့် မည့်သည့် အစီအစဉ်ကို မဆို လက်လျှော့ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အီရန်၏နိုင်ငံတော်ကာကွယ်ရေး သုတေသနစီမံကိန်းပမာဏသည် ၂၀၁၈ ခုနှစ်၏ သုံးဆဖြစ်မည်ဖြစ်ကြောင်း Amir Hatamiက ဆိုသည်။

ယခုကာလများတွင် အီရန်နှင့်အမေရိကန်၏ဆက်ဆံရေးသည် ဆက်တိုက်တင်းမာလျက်ရှိသည် ။ ယခုလအစောပိုင်းတွင် အမေရိကန်သည် အီရန်ရေနံတင်ပို့မှုကို ဘက်စုံပိတ်ဆို့ခဲ့ပြီး သံ၊သံမဏိ၊အလူမီနီယံ၊ကြေးနီစသည့်သည်လုပ်ငန်းများကို ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အီရန်အန္တရာယ်ကို ရင်ဆိုင်ရန် အမေရိကန်က လေယာဉ်တင် သင်္ဘောနှင့် ဗုံးကြဲလေယာဉ် အထူးတပ်ဖွဲ့များကို အရှေ့အလယ်ပိုင်းဒေသများတွင် တပ်ချထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117